Part-16

2.3K 208 14
                                        

Unicode

သတင်း ထွက်ခဲ့တာတွေဟာ နောက်ရက်ပိုင်းအတွင်းမှာ Okimiဘက်မှ ဖြေရှင်းခဲ့တာကြောင့် သူမ အရှက်တကွဲ ဖြစ်ခဲ့ရ၍ အခု ၂ပတ်ကျော်သည့်အထိ မျက်နှာမဖော်ရဲ သတင်းထပ်မထွက်တော့ချေ။

အနုပညာလောကမှ အငြိမ်းစားယူလိုက်ပြီလို့လည်း လူအများက ထင်ကြေးပေးနေကြပြန်သည်။

"သူတော့ နာမည်ရအောင် အများကြီး ပြန်ကြိုးစားရတော့မှာပဲ"

"ဘေဘီက သူ့ကို သနားနေတာလား!"

ဆုမြတ်လေး သတင်းကြည့်ရင်း ရေရွတ်မိတော့ ဘီက မျက်မှောင်ကျုတ်ကာ အလိုမကျသလို ပြောလာလေသည်။

"ဒီအတိုင်း ပြောတာပါ နည်းနည်းတော့ သနားမိတယ်"

ဆုမြတ်လေးအနောက်မှာ ဝင်ထိုင်ကာ ခါးကိုလည်း ဖက် ၊ ခြေထောက်တွေကလည်း ခွထားလိုက်တာများ ဆုမြတ်လေးကို ရေဘဝဲကြီး ကပ်နေသလားတောင် ထင်ရသည်။

"ဘေဘီကို စနိုက်ကျော်မလိုမျိုး ဖြစ်အောင် လုပ်ခဲ့တဲ့ သူကို သနားတဲ့အထိ အရမ်းတွေ သဘောထားကြီးနေပါလား"

"ဟီးဟီး အဲ့လိုဖြစ်သွားလား"

"အရမ်းတွေ သဘောထားကြီးလက်စ ကိုယ့်ကို မနမ်းချင်ဘူးလား"

"ဘာမှလည်း မဆိုင်ဘူး"

"ဆိုင်လိုက်ပါ ဘေဘီရာ ကိုယ် ဘေဘီ့နှုတ်ခမ်းလေးကို စားချင်လာလို့"

"လွန်ခဲ့တဲ့ ၁၀မိနစ် မထသွားခင်ကလည်း ဒီအတိုင်း ပြောပြီး နမ်းသွားပြီးတော့"

"ဘေဘီ့နှုတ်ခမ်းလေးက အရသာရှိတော့ ခဏခဏ စားချင်နေလို့ပါ ဘေဘီတောင် Spicyတို့ Bubble Teaတို့ ခဏခဏ စားချင်သလို ကိုယ်လည်း ခဏခဏ စားချင်တာပေါ့လို့"

"ဘေဘီ စားတာက ၃ ၊ ၄ရက်လောက်မှ တစ်ခါ ဘီက ၃၊၄မိနစ် တစ်ခါ တူဘူး တူဘူး"

"ဘေဘီကလည်း လုပ်ပါလို့ နော် နော်လို့ ဘေဘီ ပူတူးတူးလေး"

"ဘီ ချွဲနေပြန်ပြီလား ဘေဘီက ဟာရူတို့ထက် အငယ်နော်"

နီရဲရဲစတော်ဘယ်ရီပန်းကန်ကို သယ်လာပြီး ပြောလာတဲ့ ဟာရူ။ပြောလည်း ပြောချင်စရာ ဆုမြတ်လေးက သူတို့ထက် ၆နှစ်လောက်ငယ်သည်ကို အခု ဘေဘီအနားမှာ ချွဲနေလိုက်တာများ သူ့အသက်၊ သူ့ခန္ဓာကိုယ် ၊ သူ့အရပ်ကြီးမှ အားမနာ။

မမသည်သာ ကလေးအချစ်ဆုံးလူသား(season-3)🔥Where stories live. Discover now