Unicode
နံနက်ခင်း နေရောင်ခြည်တို့ ပြတင်းပေါက်ဆီမှ
ဖြာကျဝင်ရောက်လာသည်နှင့် အိမ်ထဲက လူနှစ်ယောက်ဟာလည်း ပြင်ဆင်လို့ ပြီး ၊ အဆင်သင့်ဖြစ်နေကြလေသည်။
-🔔-
တံခါးဘဲလ်သံလေး ကြားလိုက်ရ၍ တံခါးဖွင့်ပေးလိုက်တော့ အထုပ်နှစ်ထုပ် လက်နှစ်ဖက်မှာ ကိုင်ကာ ဝင်လာတဲ့ အမAkikoကို လှမ်းနှုတ်ဆက်လိုက်သည်။
ဘီ-"Morning အမAkiko"
Akiko-"မင်္ဂလာနံနက်ခင်းလေးပါ ဒီအင်္ကျီထုပ်တွေ အိမ်ရှေ့မှာ တွေ့လို့ သူဌေးတို့ဟာများလားလို့ ယူလာတာပါ"
ဟာရူ-"မဟုတ်ဘူး အမAkiko မီးရှို့ပြီး လွှင့်ပစ်ပေးပါ ဆေးရုံကနေ မနေ့ညနေကမှ ဆင်းလာခဲ့တဲ့ သူကို အခုလိုကြီး ခေါ်လိုက်မိလို့ တောင်းပန်ပါတယ်"
Akiko-"မဟုတ်တာ သူဌေးတို့ သွားစရာရှိလို့လား လိုက်ပိုပေးပါ့မယ်"
ဘီ-"ရတယ် အမAkikoကို အစောကြီးခေါ်လိုက်မိတာက ဘေဘီနဲ့ ရှိနေပေးဖို့ နှစ်ယောက်လုံး အတူသွားစရာနေရာရှိလို့ တစ်ယောက်တည်း စိတ်မချလို့"
ဟာရူ-"Midoriကိုလည်း အဖော်ပိုရအောင် ခေါ်ထားတယ် ခဏနေ ဟောက်လာလိမ့်မယ်"
Akiko-"ဟုတ်ကဲ့ သူဌေးတို့ လိုအပ်တာရှိ အခုလို တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးပါရစေ"
ဟာရူ-"ကျေးဇူးပါ အကူအညီလိုတာရှိရင် ပြောမှာပါ ဟာရူတို့အတွက် အရင်ကရော အခုထိရော ရှိနေပေးလို့ ကျေးဇူးပါ အမAkiko"
Akiko-"မဟုတ်တာ ရပါတယ်"
ဘီ-"ဂျွန်လေးရဲ့ ခံစားချက်ကို နည်းနည်း နားလည်လာသလိုပဲ အမရှိရတဲ့ ခံစားချက် ဘီတို့မတွက် အမAkikoက အမအရင်းတစ်ယောက်လို အမြဲ ရှိနေပေးခဲ့တော့ နေသားကျနေခဲ့တော့ အခုမှ သတိထားမိတယ်"
ဟာရူ-"ဟုတ်ပါပြီ အခု အင်္ကျီသွားလဲတော့"
ဘီက အခန်းထဲ ဝင်သွားကာ ဟာရူ အပေါ်ထပ် တက်ဖို့ လုပ်တော့ အမAkikoက ခေါ်လာသည်။
"သူဌေး"
"ပြောလေ အမAkiko"
"သူဌေးတို့ ဟိုဘက်နဲ့ ဘယ်လိုဖြစ်သွားလဲဆိုတာ သိချင်မိလို့ပါ"
YOU ARE READING
မမသည်သာ ကလေးအချစ်ဆုံးလူသား(season-3)🔥