Part-12

2.2K 184 12
                                    

Unicode

"ဘီ ရော့ သွားချော့လိုက်အုန်း"

ဟာရူ ရန်ပွဲပြီးသွားတာနဲ့ ဖြေရှင်းပေးဖို့အတွက် Bubble Teaမှာပေးကာ ရောက်လာသည်နှင့် ရေခဲသေတ္ထာထဲက အချစ်ကြိုက်တဲ့ ပိန်းဥရေခဲမုန့်ကို ပြင်ပေးထားတာ အခုထိ ဧည့်ခန်းထဲမှာ မိတ်မိတ်ကြိီး ပြုံးကာ ထိုင်နေသေးတဲ့ ဘီအရှေ့ချပေးလိုက်သည်။

"ဟာရူ စိတ်ဆိုးပြေပါ့မလား"

"စိတ်ဆိုးပြေတဲ့အထိ ချော့ခဲ့ပေါ့"

"အဲ့လိုကြီးလား"

အူလည်လည်နဲ့ ရှေ့က ဗန်းကို သယ်ကာ အပေါ်တက်သွားတဲ့ ဘီကို ခေါင်းသာ ခါနေမိသည်။

-ဒေါက်- -ဒေါက်-

"ဗ်ိုက်မဆာဘူး စားချင်စိတ်မရှိဘူး ကိုယ့်ဘာသာကိုယ် စားကြ"

တံခါးခေါက်ရုံရှိသေး အထဲက အော်သံလေး ထွက်လာတာကြောင့် ဘီ အသံထိန်းရီရသည်။

"အဟမ်း ဘေဘီ ကိုယ် ဝင်လာခဲ့မယ်နော်"

အထဲက ဘာမှပြန်မဖြေလာတာကြောင့် တံခါးကို ဖြေးဖြေးချင်း ဖွင့်ကြည့်လိုက်တော့ အိပ်ရာပေါ်မှာ ဝက်ရုပ်ကြီးကို ဖက််ကာ ငုတ်တုတ်ကြီး ထိုင်နေတဲ့ ဘေဘီအနားကို သွားလိုက်တော့ မမြင်ချင်ဘူးဆိုတာကို တစ်ဖက်ကို လှည့်ပြသည့် အမူအရာဖြင့် သက်သေပြလာသည်။

"ဘေဘီအတွက် ရေခဲမုန့် နဲ့ bubble teaလေး ယူလာပေးတယ်"

ချက်ချင်း လှည့်လာကာ လက်ထဲကို ဗန်းကို လုယူပြီး ပြန်ပြီး ကျောပေးသွားပြန်တာကြောင့် ဘီ ရီချင်စိတ်ကို မနည်းထိန်းထားရပြန်သည်။

"ဘေဘီ ခုနက..ကိုယ် တောင်းပန်ပါတယ်နော် ကျောင်းသားလေးကို ငေးနေတော့ ကိုယ် သဝန်တိုပြီး ပြောချင်ရာတွေ ပြောလိုက်မိတာ"

"...."

"ဟာရူကိုပဲ ချစ်သူအဖြစ် ထုတ်ပြမယ်ပြောတော့ ကိုယ် အရမ်းဝမ်းနည်းသွားပြီး စိတ်မထိန်းနိုင်တော့ဘဲ ပါးစပ်ထဲ ရှိရာ အကုန်လျှောက်ပြောမိသွားတာပါ"

"အဲ့ဒါဆို လိုက်နေကြတဲ့ မိန်းကလေးတွေကို မရွေးဘူးပေါ့"

"ကိုယ့်မှာ ဒီိလောက် ချစ်စရာကောင်းပြီး အရမ်းတွေ ချစ်ရတဲ့ ချစ်သူလေး ရှိနေတာပဲကို သူတို့ကို လိုအပ်သေးလို့လား"

မမသည်သာ ကလေးအချစ်ဆုံးလူသား(season-3)🔥Nơi câu chuyện tồn tại. Hãy khám phá bây giờ