Part-20

1.8K 153 15
                                    

Unicode

ဟာရူတို့ ရောက်လိုရာ ဆိုင်သို့ ရောက်လာတော့ အထဲဝင်လိုက်တာနဲ့ အရာအားလုံးဟာ အရောင်တွေ တောက်တောက်ပပနဲ့ ဝယ်သူတို့၏ အမြင်ကို ဆွဲဆောင်နေကြတော့သည်။

"ဟာရူ ဘေဘီ ကြိုက်တဲ့ အရောင်လေး မရှိဘူးနော်"

"အင်း ဟုတ်တယ် အဲ့တော့လည်း ဘေဘီနဲ့ လိုက်ဖက်မှာလေး လိုက်ကြည့်ကြည့်ကြတာပေါ့"

"ဘေဘီ ကြိုက်ပါ့မလား"

"ဟာရူတို့ ဘေဘီ့အကြိုက်ကို ကောင်းကောင်းသိတာပဲကို မဟုတ်လည်း ဟာရူတို့ ပေးတဲ့လက်ဆောင်ဆိုပြီး အမြတ်တနိုးထားမှာပဲ"

"အင်းနော် ဟုတ်တယ် အဲ့ဒါဆို ဘီက လက်စွပ်ကြည့်မယ် ဟာရူက တခြားဘက် ကြည့်လိုက်"

"ဟာရူ နားကပ်တန်းဘက်မှာ ရှိတယ်"

နှစ်ယောက်သား နေရာခွဲလို့ ဘေဘီအတွက် လက်ဆောင်လေး စိတ်သေချာနစ်၍ ရွေးချယ်နေတော့သည်။

"ဟဲ့ ဟဲ့ အမွှာနှစ်ယောက်က လုံးဝအချောအလှတွေနော်"

"အေးလေဟာ မိန်းကလေးအချင်းချင်းကိုတောင် အားကိုးချင်စရာကြီးနော်"

"အေးနော် ကြိုက်တယ် လုံးဝအပျံစားပဲ နှစ်ယောက်စလုံးက"

ဝန်ထမ်းမလေးတွေကတော့ ဟာရူ နဲ့ ဘီတို့ကို တစ်လှည့်စီ ငမ်းနေကြရင်း တတွတ်တွတ်နဲ့ ကြွေကြောင်း ပြောနေကြတာ ဝန်ထမ်းမလေးတစ်ယောက်ကတော့ လက်ပိုက်ပြီး မထီမဲ့မြင် ဂရုမစိုက်သည့် ပုံစံဖြင့် အလေးမထားသော လေသံနှင့် စကားဝိုင်းထဲ ဝင်ပြောလာသည်။

"နင်တို့ ဘာတွေ မျှော်လင့်နေတာ သူတို့ ရုပ်ရည်သာ ရှိတာ အလုပ်အကိုင်နဲ့ တတ်ကျွမ်းမှု ဘယ်လောက်ရှိလဲဆိုတာ မသိပဲနဲ့"

"ဟဲ့ ဒီလိုဆိုင်ကို လာပါတယ်ဆိုနေမှ အရည်အချင်းက အပြစ်ပြောစရာကို ရှိနေမှာ မဟုတ်ဘူးပေါ့"

"ဟားဟား နင်တို့ သင်ယူသင့်တယ် အရှိန်အဝါ ကြီးကြီးမားမား ချမ်းသာသလိုလိုနဲ့ ရောက်လာပြိီး ဟိုဟာလေး ကြည့် ဒီဟာကြည့်နဲ့ စျေးနှုန်းတွေကြောင့် ဘာမှမဟုတ်ဘဲ ပြန်ထွက်သွားကြတာတွေများ အများကြီးပဲ"

မမသည်သာ ကလေးအချစ်ဆုံးလူသား(season-3)🔥Where stories live. Discover now