Unicode
ဘီတစ်ယောက် ဟိုနေရာ လျှောက်သွားလိုက် ဒီနေရာ လျှောက်သွားလိုက်နဲ့ မြို့ထဲ နေရာအနှံ့ ကားပတ်မောင်းနေမိသည်။
ရင်ဆိုင်နိုင်စွမ်း မရှိတာကြောင့် အိမ်သို့လည်း မပြန်။တချို့နေရာသို့ ရောက်သော်ငှါ ဘေဘီနဲ့ အတူရောက်ဖူးသည်ကြောင့် ထိုအမှတ်တရလေးတွေကို ပြန်မြင်ယောင်လာမိကာ ပြုံးမိရာမှ မလိုချင်ဘူး မကြိုက်ဘူးဆိုသော စကားတို့ကိို နားထဲ ကြားယောင်လာ၍ အပြုံးတို့ဟာ ချက်ချင်း မှေးမှိိန်သွားပြီး ရင်ထဲ တင်းကျပ်လာသည်အထိ ဝမ်းနည်းစိတ်တို့ဟာ စို့တက်လာသည်။
"ဘာလို့..ဘာလို့ ငါတို့ကို အလိုမရှိတဲ့ သူတွေ ဒီလောက်တောင် များနေရတာ အဖေကလည်း မလိုချင် အမေက လိုချင်ပေမဲ့ အနားကနေ ထွက်ခွါသွားပြီး ကျောခိုင်းသွားတယ် နှစ်ယောက်အတူ တစ်ယောက်အပေါ် တစ်ယောက် အားတင်းပြီး ရှင်သန်လာခဲ့တာ ချစ်ရသူဆီကနေကတော့ အလိုရှိလောက်မှာပါလို့ ထင်ထားခဲ့ပေမဲ့ မှားခဲ့ပြီလား"
ညနေစောင်းတော့ နေဝင်ချိန်ကို တောင်ကုန်းအမြင့်တစ်နေရာမှ ဘီယာဘူးများ ဘေးချကာ နေမင်းကြီး တဖြည်းဖြည်း မြေကြီးထဲ ဝင်သွားသည့် ပုံကို ငေးမောရင်း တစ်ဘူးပြီး တစ်ဘူး သောက်နေတော့သည်။
ဝယ်လာခဲ့သည့် ဘီယာဘူး၈ဘူးလုံး အကုန် ကုန်သွားပါသော်လည်း နည်းနည်းလေးတောင် မမူးသေးသော အနေအထားကြောင့် မှောင်ရိပ်ပျိုးနေပြီဖြစ်၍ နာမည်ကြီးClubတစ်ခုဆီသို့ ထွက်လာခဲ့သည်။
ဘီရဲ့ လိုက်ဖက်စွာ ဝတ်ဆင်ထား၍ မိမိုက်နေသော ပုံစံကြောင့် Clubက လူအများ မျက်စိကျချင်စရာ ဖြစ်နေလေသည်။
ယောက်ျားလေးထက် မိန်းကလေးတွေရဲ့ အာရုံစိုက်မှု ခံနေရတဲ့ ဘီကို တချို့ ယောက်ျားလေးတွေဟာ မနာလိုနေကြပေမဲ့ ဘီကတော့ ဂရုကို မစိုက်။
အပြင်းဆုံးဆိုသော ပုလင်းကို မှာကာ one shotခွက်လေးဖြင့် တစ်ခွက်ပြီးတစ်ခွက် သောက်နေလေသည်။
"ဟိတ် တစ်ယောက်တည်း မပျင်းဘူးလား မမတို့နဲ့ လာနေပါလား အဖော်ရှိအောင်လို့"
YOU ARE READING
မမသည်သာ ကလေးအချစ်ဆုံးလူသား(season-3)🔥