Part-27

2.1K 190 6
                                        

Unicode

ဆုမြတ်လေးတို့ သုံးယောက်အတူ ကုမ္ပဏီအနီးက စားသောက်ဆိုင်ဆီသို့သာ ထွက်လာခဲ့ကြပြီး နေ့လည်စာ စားဖြစ်ခဲ့ကြသည်။

ဆုမြတ်-"အမAkiko ဆုလေး သိချင်မိလို့ စစချင်းတွေ့တုန်းက အမကို သူဌေးတို့ထက် ငယ်မယ်ထင်ထားခဲ့တာ ဒါပေမယ့် ဟာရူတို့ကပါ အမလို့ ထည့်ခေါ်ကြတော့လေ အခု အသက်ဘယ်လောက်ရှိပြီလဲဆိုတာလေး သိချင်လို့ ဟီးဟီး"

Akiko-"အမက 31ပြည့်တော့မှာပါ"

ဆုမြတ်-"တစ်ကယ်ကြီး ဝါးး နုလိုက်တာနော် 21အတိုင်းပဲ 31ဆိုတာ ဟုတ်ရော ဟုတ်ရဲ့လား ဆုလေးကို လျှောက်ပြောနေတာမလား"

ဟာရူ-"တစ်ကယ် ဘေဘီရယ် အမAkikoက ကိုယ့်ထက် ၃နှစ်နီးပါးလောက်ပိုကြီးတယ်"

ဆုမြတ်-"တစ်ကယ်လား လုံးဝ မထင်ထားဘူး လေဆိပ်မှာ စစချင်းတွေ့တုန်းကဆို ငယ်ငယ်လေးနဲ့ ဒီလို စိစိစစ်စစ် အလုပ်လုပ်နိုင်လိုက်တာဆိုပြီး အံ့ဩနေခဲ့တာ"

ဟာရူ-"စကားတွေ ချည်း ပြောမနေနဲ့အုန်းလေ ဘေဘီရယ် ခုနက ဗိုက်ဆာတယ်ဆိုပြီး"

ဆုမြတ်လေး ခုနက ဆိုတဲ့ စကားကြောင့် ခုနက ရုံးခန်းအရှေ့မှာ ပြေပြေလေး ရန်ဖြစ်ခဲ့တဲ့ တစ်ယောက်ကို သတိရကာ မျက်နှာဟာ ချက်ချင်း ဆူပုတ်မိသွားသည်။

ထိုသည်ကို ခေါင်းအစ ခြေအဆုံး လိုက်ကြည့်နေတဲ့ ဟာရူက တွေ့တာကြောင့် စိတ်ပူကာ မေးလိုက်သည်။

ဟာရူ-"ဘေဘီ ဘာဖြစ်လို့လဲ ခံတွင်းမတွေ့လို့လား ကိုယ် တခြားဟာ မှာပေးမယ် ဘာစားမလဲ"

ဆုမြတ်-"မဟုတ်ပါဘူး စားလို့ ကောင်းတယ် ကြိုက်ပါတယ်"

ဟာရူ-"ဒါဆို ဒီမျက်နှာလေးက ဆူပုတ်နေရတာလဲ ဟင်"

ပြောတာတောင် ကောင်းကောင်းမပြော။
မေးစေ့လေးကနေ ဖွဖွလေး ကိုင်ကာ ဆုမြတ်လေးရဲ့ မျက်နှာဘေးတစ်စောင်းကို နှာတံနဲ့ ပွတ်ပွတ်ဆွဲရင်း နမ်းနေတာကြောင့် စိတ်ညစ်နေတာတွေတောငါ အမြစ်ကနေ ဆွဲအနှုတ်ခံလိုက်သလို မျက်နှာမကောင်းရာကနေ ပြုံးရွှင်သွားမိတော့သည်။

ဆုမြတ်-"ဟာရူ ခစ်ခစ် ယားတယ်"

ဟာရူ-"ခုနက တစ်ယောက်နဲ့ ပက်သက်လို့ဆို ဘာမှ စိတ်ညစ်မခံနဲ့ ဘေဘီပဲ စ်ိတ်ပင်ပန်းတယ် ပြီးတော့ ကိုယ်နဲ့ သူနဲ့က အတန်းတူ တက်ခဲ့ရုံပဲ တစ်ယောက်နဲ့ တစ်ယောက် မြင်ဖူးလို့ သိနေရုံလေး ဒါပဲ အဲ့ထက် မပိုဘူး အဲ့ဒါကြောင့် ဘေဘီ ဘာမှ စိတ်ပူနဲ့တော့နော်"

မမသည်သာ ကလေးအချစ်ဆုံးလူသား(season-3)🔥Where stories live. Discover now