Daddy (23)

3.1K 265 29
                                    

Unicode

ကျားပေါက်လေးသုံးကောင်နဲ့ ဆော့ကစားနေတုန်း ဇီဥယျာဥ်ထဲ ဝင်လာတဲ့ အနက်ရောင်ကားတစ်စီးကြောင့် ဝမ်ရိပေါ် လှည့်ကြည့်လိုက်မိသည်။ ဒီကားက ရှောင်းဖုန်းလျိုရဲ့ကားမှန်းသိပေမယ့် ကားပေါ် က
ဆင်းလာမယ့်လူကို စိတ်ဝင်တစား စောင့်ကြည့်နေမိသည်။ဘယ်ဘက်ကားတံခါးပွင့်လာပြီး အဖြူရောင်ဒေါက်မြင့်ဖိနပ်နဲ့
ပနံသင့်နေတဲ့လှပတဲ့ခြေတံလေးတစ်စုံကို
ဦးစွာမြင်လိုက်ရသည်။အထက်အောက်
အမည်းဆင်တူဝတ်ပြီး ဆင်စွယ်ရောင် overcoatနဲ့ မိန်းမလှလေးက ကားပေါ် ကဆင်းဆင်းချင်း သူ့ကိုလက်ညိုးထိုးကာ မျက်လုံးပြူးကြည့်ပြီး

"ရိပေါ် "

မထင်မှတ်ပဲ စီချင်းဂူကို မြင်လိုက်ရတော့
ရိပေါ် လည်း ဘာလုပ်ရမလဲမသိပေ။သူက
သူမကို သွားလေးဖြီးပြပြီး အခုမှ စတွေ့ဖူးသလို လက်ပြနှုတ်ဆက်လိုက်သည်။ သူ့သူငယ်ချင်းကြောင့် Seanနောက် လိုက်နေပါတယ်လို့ သူလိမ်ပြောထားမိတဲ့အတွက်
သူမ သူ့ကို ဘယ်လိုထင်မလဲ။ Sean နဲ့
အဆင်မပြေဖြစ်တုန်းကသူ့မှာ အရွဲ့တိုက်ပြီးတော့တောင် သူမနားလိုက်ကပ်နေသည်။

ရှောင်းဖုန်းလျိုက သူတို့နှစ်ယောက်ကို
တစ်လှည့်စီကြည့်ပြီး စီချင်းဂူနား
လျှောက်လာသည်။

"Seanသူ့ကို မွေးစားထားတာ ရှောင်ဂူ
မသိဘူးလား"

စီချင်းဂူမှာ လက်ဖဝါးလေးနဲ့ ပါးစပ်အုပ်ကာ ဝမ်ရိပေါ် ကို မယုံသလိုကြည့်နေသည်။

"ဟို ကျွန်တော်..."

ရုတ်တရက်ပဲ ရှောင်းဖုန်းလျိုဆီက ဖုန်းမြည်သံထွက်လာသည်။ဝင်လာတဲ့နံပါတ်ကိုကြည့်လိုက်တော့ ဒီနေရာမှာ ဖုန်းပြောဖို့အဆင်မပြေတာမို့ ဖုန်းပြောဖို့ဆိုပြီး
ရှောင်းဖုန်းလျို ခပ်ဝေးဝေးထွက်သွားလိုက်သည်။

"ဟိုလေ အဲ့ဒါက ကျဲကို လိမ်ချင်လို့မဟုတ်ပါဘူး ၊ အဲ့အချိန်တုန်းက Sean က ကျွန်တော့်ကို လျစ်လျူရှုထားတာ အဲ့ အဲ့ဒါ"

"မင်းဘယ်လိုရှင်းပြ ရှင်းပြ တို့ကတော့
စိတ်ဆိုးတယ်။ Seanဆီက ဂရုစိုက်မှုကို
ပြန်လိုချင်လို့ တို့ကို လိုသုံးလုပ်တာတော့မကောင်းပါဘူး"

Daddy Sean Xiao ✔Where stories live. Discover now