Daddy (24)

2.7K 211 55
                                    

Unicode

တောထဲသို့အနက်ရောင် ဇိမ်ခံကားသုံးစီး
ထိုးရပ်လာသည်။ကားတွေထိုးရပ်သွားတာနဲ့မနီးမဝေးမှာရပ်နေတဲ့ ဂျူရီယန်အမ်ဆင်ရဲ့တပည့် နိုင်ငံခြားသားလေးယောက်က
သက်ဆိုင်ရာဂျစ်ကားနှစ်စီး ပေါ် မှာ ခုန်ဆင်းလိုက်ပြီးရှေ့သို့လျှောက်လှမ်းလာသည်။

အနက်ရောင်ကားသုံးစီးပေါ် ကနေ
Jay၊Jame၊Zoe နှင့် Zam တို့ဆင်းလာပြီး
လေးယောက်တစ်တန်းတည်း ပြိုင်တူရပ်လိုက်သည်။

ဂျူရီယမ်တပည့်တွေထဲက အဝါရောင်
ဆံပင်ကောက်ကောက်နဲ့ ရှေ့ဆုံးက
နိုင်ငံခြားကောင်သည် ကုန်ခါနီး စီးကရက်ကို အောက်ပစ်ချလိုက်ပြီး ဖိနပ်နဲ့နင်းချေလိုက်သည်။လူလေးယောက်ထဲမှာ
သူခေါင်းဆောင်ဖြစ်ဟန်တူသည်။သူက
Jayကို မျက်ခုံးပင့်မေးဆတ်ပြီး

"လက်နက်တွေအကုန်ပါခဲ့တယ်ပေါ့"

"မင်းတို့ရော ငွေအလုံအလောက်ပါလား"

Jayရဲ့အမေးကြောင့် နီတာသည် သူရဲ့
ဖြူဖွေးညီညာသောသွားတန်းလေးများ
ပေါ် အောင်ရယ်လိုက်ပြီး ခါးကြားမှာ
ထိုးထားတဲ့သေနတ်ကိုထုတ်ကာ
Jayရဲ့နဖူးတည့်တည့်ကိုချိန်ထားလိုက်သည်။ကျန်သုံးယောက်လည်း သေနတ်ထုတ်ပြီး Jameတို့ကိုပါ ချိန်ရွယ်လိုက်သည်။

"ငွေတော့မပါဘူး ၊ဒါဘဲ ပါတယ်"

"ဖြောင်း...ဖြောင်း...ဖြောင်း"

အသံလာရာဘက်သို့ သတိလက်လွတ်စွာ နီတာလှည့်ကြည့်လိုက်ချိန်
Jayက သူ့လက်ကောက်ဝတ်ကိုချိုးပြီး
သေနတ်ကိုဆွဲယူလိုက်သည်။တပြိုင်တည်း
နီတာကို မြေပြင်ပေါ် Jay လှဲချလိုက်ပြီး
နားထင်ကို သေနတ်နဲ့ချိန်ထားလိုက်သည်။

ကျန်တဲ့သုံးယောက်လှုပ်ရှားဖို့ကြိုးစားချိန်
သူတို့ကို ​​သေနတ်
နဲ့ချိန်ပြီး ရှေ့ကို
လျှောက်လာတဲ့လူတွေကြောင့် မျက်စိပျက် မျက်နှာပျက်ကာ ငြိမ်ကျသွားသည်။

စမတ်ကျကျလျှောက်လာသော Seanရဲ့နောက်တွင် အိမ်တော်ထိန်းနှင့် စီလင်းအပါအဝင်
ကျန် ကိုယ်ရံတော်
ခြောက်ယောက်ပါ ပါလာသည်။

ထိုအချိန်လေးအတွင်းမှာပဲ နီတာဆီဖုန်းဝင်လာသည်။Seanက နီတာရှေ့ မုဆိုးထိုင်ထိုင်ချလိုက်ပြီး နီတာ ဘောင်းဘီအိတ်ထဲက ဖုန်းကိုနှိုက်ယူလိုက်သည်။ဖုန်း screen
ပေါ်က နာမည်ကိုမြင်တော့ Seanရဲ့ နှုတ်ခမ်းထောင့်စွန်းတို့ကွေးတက်သွားပြီး
ဖုန်းကိုကိုင်လိုက်သည်။

Daddy Sean Xiao ✔Where stories live. Discover now