Daddy (14)

5.2K 393 20
                                    

Unicode

Sean"မင်းသာ ကိုယ့်ကိုမုန်းရင် မင်းဘဝအေးချမ်းလိမ့်မယ် "

Yb"Seanရဲ့အနားမှာနေခွင့်မရတော့ပေမယ့်
fuckbuddyဖြစ်ခွင့်ရတာနဲ့တင် လုံလောက်ပါပြီး"

_________________________________

ကားပေါ် တွင် ကြောင်တောင်တောင်နဲ့သာ
တစ်လမ်းလုံး ရိပေါ် ပါလာခဲ့သည်။ သူ့လက်နှစ်ဖက်ကိုSeanကဖြုတ်ချပြီး
ပြောသွားခဲ့တဲ့စကားက နှလုံးသားကို
ထိခိုက်နာကျင်စေသည်။

"မင်းကို နောက်ထပ်တစ်ခါမမြင်ရစေနဲ့"တဲ့လား။

သူသိခဲ့တဲ့ Seanနဲ့ အခု Seanက လုံးဝကို
ကွဲပြားနေသည်။သူ့ကိုစနောက်တတ်ပြီး
နွေးထွေးတဲ့စကားလုံးတွေသာဆိုတတ်တဲ့Seanက အခုတော့ အေးစက်စက်စကားလုံးတွေသာဆိုတတ်သည်။

မလှည့်စားပါနဲ့ ကျွန်တော့်ကိုမလှည့်စားပါနဲ့Sean ။ခင်ဗျားမရှိရင် ကျွန်တော်တကယ်မနေတတ်တော့ဘူး။

ကျွီခနဲထိုးရပ်သွားတဲ့ကားကြောင့် ရိပေါ် အပြင်ကိုလှမ်းကြည့်လိုက်သည်။Zoeက
ကားမောင်းပြီး သူ့ကိုပို့ပေးတာကိုပဲ
ကျေးဇူးတင်ရတော့မည်။သူ့ရဲ့ဆိုင်ကယ်ကိုတော့ Jameက မောင်းပို့ပေးသည်။
ရိပေါ် ကား ပေါ် ကဆင်းလိုက်တာနဲ့
Jameက ကားပေါ် တက်ပြီး ရိပေါ် ကို
ဂရုစိုက်ပါလို့ လက်နဲ့အမူအရာလုပ်ပြောသွားသည်။ပြီးတာနဲ့ ကားကမောင်းထွက်သွားတော့သည်။

Seanအကြောင်းတွေးနေရင်းနဲ့ဓာတ်လှေကားထဲ ရိပေါ် ဝင်လိုက်သည်။ဒီလိုနဲ့ အခန်းထဲပြန်ရောက်တော့ ရိပေါ် အဝတ်အစားအမြန်လဲပြီး ဆေးသောက်ကာ အိပ်ရာဝင်လိုက်သည်။သူဘယ်လိုလုပ်အိပ်လို့ပျော်မှာလဲ၊ ရုတ်တရက် အေးစက်သွားတဲ့ Seanရဲ့ဆက်ဆံရေးကို သူအခုထိ မယုံကြည်နိုင်ဖြစ်နေသည်။

တကယ်ပဲ Seanရယ် ခင်ဗျားက ဘယ်လိုလူမျိုးလဲ။ငိုနေရုံနဲ့မထူးဘူးဆိုတာသိပေမယ့် အခုကျွန်တော့်ရဲ့အဖော်က မျက်ရည်ပဲ Sean။

လွန်ခဲ့သော 2နာရီလောက်က
ဇီဥယျာဥ်နဲ့ ဝေးသွားတဲ့ကားတစ်စီးနဲ့
ဆိုင်ကယ်တစ်စီးကို ကြည့်ပြီး Jayသည်
ကားကို အိမ်တော်အထိ မောင်းဝင်လာခဲ့သည်။ဇီဥယျာဥ်ရဲ့ရေကူးကန်အနားက
မြက်ခင်းလွင်ပြင်တစ်နေရာတွင် လူငါးယောက်က မိုးရေထဲမှာ အလူးလူးအလဲလဲ
အော်ဟစ်နေကြသည်။သူတို့အနားမှာအနက်ရောင်ကျားတစ်ကောင်ရှိပြီးထီးဆောင်းကာရေကူးကန်ကိုကျောပေးလျက်မတ်တပ်ရပ်နေကြတဲ့ ကိုယ်ရံတော်နဲ့
အိမ်တော်ထိန်းတို့လည်းရှိနေသည်။

Daddy Sean Xiao ✔Where stories live. Discover now