Daddy (3)

8.7K 622 29
                                    


🔹🔹🔹Unicode🔹🔹🔹

"ငွေက ဒုတိယဘုရားသခင်တဲ့၊ငယ်လေးက ငွေသိပ်ချစ်တာပဲ။Daddyက
အဲ့ယွမ်1သန်းကို ပေးမပေး ငယ်လေးက
ကတိတောင်မတောင်းပဲ သဘောတူခဲ့တယ်"

အပြင်က နေအလင်းရောင်ကြောင့်
လင်းထိန်နေပေမယ့် ထိုအခန်းသည်
အရမ်းကို တိတ်ဆိတ်လွန်းနေသည်။
ဥယျာဥ်ခြံထဲတွင်ငှက်ကလေးတို့ရဲ့တွန်ကျူးသံတစ်ချက်တစ်ချက်ကြားရရုံမှအပ မည်သည့်အသံတို့ကိုမှ မကြားရပေ။ကြင်လင်ပြတ်သားတဲ့ အနှီလူသားရဲ့စကားတွေကတိတ်ဆိတ်တဲ့အခန်းကနေ
တိုးထွက်လာတော့ ရိပေါ် မျက်မှောင်ကြုတ်သွားလေသည်။သူသည်
တစ်စုံတစ်ရာကို သိရှိသွားလေပြီး။

"ဘဲကြီး ဒါဆို ခင်ဗျားက အဲ့ယွမ်၁သန်းကို
မပေးဘူးပေါ့ဟုတ်လား"

စိတ်တိုတိုနဲ့ ရိပေါ် ဆိုရင်း ထရပ်လိုက်ပြီး
နောက်လှည့်ကာ မကျေမနပ်နဲ့ စူးစိုက်
ကြည့်လိုက်သည်။

"လူကြီးဖြစ်ပြီး ကတိမတည်ဘူး ၊ရုပ်က
မိုးပေါ် က ကျလာတဲ့ နတ်သားသဖွယ်
ချောပေမယ့် အခုတော့ ခင်ဗျားက
ငရဲပြည်က နတ်ဆိုးတစ်ကောင်နဲ့အတူတူပဲ"

အဝတ်အစားဝတ်လိုက် အနှီလူသားကိုကြည့်လိုက်ပြောလိုက်နဲ့ စိတ်တွေတိုလာကာ
နောက်က လည်သာခုံကိုရိပေါ် ကန်ထည့်လိုက်သည်။ Seanကတော့ သူ့ကိုစိတ်ဆိုးတယ်မဟုတ်ပဲ တည်ငြိမ်အေးဆေးစွာပင်
လက်ပိုက်ကြည့်နေသည်။

ရိပေါ် သည် သူ့ခန္ဓာကိုယ်ကို အလကား
ကြည့်ချင်လို့ ယွမ်၁သန်းနဲ့ တောင်းဆိုလာတဲ့ Seanဆိုတဲ့လူကြီးရဲ့လှည့်စားမှုကို
ခံလိုက်ရတော့ စိတ်ဆိုးမာန်ဆိုးနဲ့ အခန်းကနေ ထွက်သွားလေသည်။

*
*
*

အိမ်တော်မှာမနေချင်တာကြောင့် ဥယျာဥ်ခြံထဲသို့ ရိပေါ် လျှောက်သွားနေလိုက်သည်။ပန်းရနံ့ပေါင်းစုံနဲ့ ပြေးလွှားနေတဲ့
ယုန်ကလေး ၊ရှဥ့်ကလေး၊ကျေးငှက်အပေါင်းတို့ရဲ့တွန်ကျူးသံကြောင့်
ဒေါသတို့က အခုမှတဖြေးဖြေးနဲ့ ပြေလျော့လာသည်။

နားထဲသို့ ကြားလိုက်ရတဲ့အသံကြောင့်
ရိပေါ် လှည့်ကြည့်လိုက်စဥ် ဟိုရက်တုန်းက သူမြင်နေရတဲ့အယ်ဇေးရှင်း ခွေးကြီး
ဖြစ်တာမို့ လူက ထိတ်ခနဲ့ဖြစ်သွားရသည်။

Daddy Sean Xiao ✔Where stories live. Discover now