Final

6.1K 223 16
                                    

Unicode

"ဟား...ဟား...နဂါးမျက်လုံး၊ နဂါးမျက်လုံးကို ငါရပြီး ဟား...ဟား...ကျန့်ကျန့်
မင်းဦးလေးငယ်အခု ဘယ်လောက်
ကံကောင်းလဲကြည့်"

ရှောင်းဖုန်းလျို သည် Sean ကိုတစ်လှည့်
ရှေ့နေ့အန်ကိုတစ်လှည့်ကြည့်ပြီး သူက
ရှေ့နေအန်ဆီလျှောက်လာသည်။

"ခင်ဗျား နဂါးမျက်လုံးနဲ့ ပက်သက်ပြီး အကုန်သိထားတယ်မလား"

"မင်းဘာကိုမှ မမြင်တော့ဘူးပဲ ၊နဂါးမျက်လုံးက မင်းနဲ့မတန်ဘူး ရှောင်လျို
မင်းအသိဝင်စမ်းပါ"

ရှေ့နေ့အန်ဆီက စကားကို ကြားတော့
ရှောင်းဖုန်းလျို ရုတ်တရက် ဒေါသထွက်လာပြီး ဝမ်းဗိုက်တည့်တည့်ကို ကန်ထည့်လိုက်သည်။ ပါးစပ်ကနေ သွေးတွေထွက်ကျလာတဲ့ ရှေ့နေအန်ဆီကို Seanတွားသွားတော့ သူ့ညာဘက်ပါးကို ရှောင်းဖုန်းလျို ဖိနင်းလိုက်သည်။

"အဲ့အဖိုးကြီးကို ခေါ် သွားကြ"

ရှေ့နေအန်ကို တစ်ချက်ကြည့်ပြီး ရှောင်းဖုန်းလျိုက Seanကို ငုံ့ကြည့်လာသည်။

"ကျန့်ကျန့် ဦးလေးငယ်ရဲ့ရှောင်ကျန့်လေး
ရှောင်ဂူကတော့ ထွက်ပြေးသွားပြီး
အဲ့ကောင်မက သေရမှာမကြောက်ဘူးထင်တယ်"

"ဦး ဦးလေးငယ် ဘယ်သူ့မှာမှ အပြစ်မရှိပါဘူး ၊ သူ့ကို လွတ်ထားပေးပါ။ ဦးလေးငယ်အပြစ်ပေးချင်တယ်ဆို ကျွန်တော့်ကိုပဲ
ပေးပါ"

"ဟား...ဟား...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ
အပြစ်ရှိရင်တော့ အပြစ်ကို ခံရမှာပေါ့ကွ"

"စီလင်း လာခဲ့တော့ မင်းလည်း မင်းသခင်ရဲ့သွေးကို သောက်ဖို့အချိန်ကျ
နေပြီး"

"စီလင်း ငါ ငါ့ကို မင်းတကယ် မသိတော့တာလား"

စီလင်းက ရှေ့ကိုတဖြည်းဖြည်း လှမ်းလာတော့Seanလည်း ထွက်ပြေးဖို့က
မတတ်နိုင်ပဲ တွားသွားဖို့ပဲ တတ်နိုင်တော့သည်။

"ဟား..ဟား...သိပ်ကိုကြောက်သွားလား"

Seanနဲ့စီလင်းကို ကြည့်ပြီး သဘောတွေကျလိုက် လက်ထဲက နဂါးမျက်လုံးကို
ကြည့်ပြီး သဘောကျလိုက်ဖြစ်နေတဲ့အချိန် ရုတ်တရက် ဝင်လာတဲ့ ဖုန်းကြောင့်
ရှောင်းဖုန်းလျို ကိုင်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Mar 10, 2022 ⏰

Add this story to your Library to get notified about new parts!

Daddy Sean Xiao ✔Where stories live. Discover now