Daddy (16)

4.2K 354 12
                                    

Unicode

YB"ရင်အုပ်ကျယ်ပြီး ခါးသေးတဲ့လူတွေက
အိပ်ရာပေါ် မှာ အကောင်းဆုံးတဲ့"

Sean "စကားတွေ တော်တော် တတ်နေပါလား"

_______________________________

နေ့ရက်တိုင်းလိုလို ဇီဥယျာဥ်ကိုသွားချင်ပေမယ့်Seanအနှောင့်အယှက်
ဖြစ်မှာဆိုးတာကြောင့် ရိပေါ် မသွားပဲ
တတ်နိုင်သလောက် သည်းခံခဲ့သည်။
အဖော်မရှိပဲ အခန်းထဲမှာတစ်ယောက်တည်းနေရမှာ ပျင်းတာကြောင့် နောက်ဆုံးတော့သူနဲ့အတူ
လာနေဖို့ ချန်ဝေဝေကို ခေါ် လိုက်သည်။
နှစ်ယောက်သားကတော့ တီဗီကြည့်လိုက်၊
ဂိမ်းဆော့လိုက် ၊ဟော့ပေါ့ခ်လုပ်စားလိုက်နဲ့ပဲ သံသရာလည်နေသည်။

"ရိပေါ် "

"အင်း"ဆိုပြီး ဂိမ်းဆော့မပျက်ပဲ ရိပေါ် ထူးလိုက်သည်။ချန်ဝေဝေက သူဂိမ်းဆော့နေတာကို တစ်ချက်ကြည့်ပြီး ဆက်မေးလာသည်။

"နင်ဘာလို့ အဲ့လူကြီးကို အဲ့လောက်သဘောကျနေတာလဲ"

"မသိဘူး ငါ့ရင်ကိုခွဲပြီး မေးကြည့်လိုက်"

"ခွေးသား လူစကားပြော"ချန်ဝေဝေက
သူ့ခေါင်းကို ရိုက်ပြီးဆိုတော့ ရိပေါ် ရဲ့
လျင်မြန်တဲ့လက်တစ်ဖက်က ချန်ဝေဝေ
ကျောပြင်ကို ရိုက်ချလိုက်သည်။

"သေနာ ငါ့အဆုပ်တွေ ပွကုန်ပြီးလားမသိဘူး၊ ငါအကောင်းမေးမယ်ကွား"

"သူ့မှာ 8-packsရှိလား"

"ရှိတယ် ငါကိုင်ဖူးတယ် အရမ်းမိုက်"
ဒါကျတော့ ဝမ်ရိပေါ် တို့က မနှေးပေ။
ချန်ဝေဝေက နှုတ်ခမ်းလေးမဲ့လိုက်ပြီး
သူ့နားနားတိုးကာမေးလိုက်သည်။

"ဟိုဟာရော"

"7 ကျော်ကျော်လောက်ရှိမယ်ထင်တယ်"
ရိပေါ် အဖြေကြောင့် မျက်လုံးအပြူးသားနဲ့ ချန်ဝေဝေက ရိပေါ် ကို လက်ညိုးထိုးလိုက်
သည်။

"အိုး!အဲ့ကြောင့် နင်သူ့ကို အသေကြွေတာလည်းမပြောနဲ့"

"ဒါနဲ့နင်ရော အဲ့လိုမကြိုက်ဘူးလား"

"ရူးနေလား ငါကမိန်းကလေး ငါသေသွားမှာပေါ့"

"ဟုတ်ပြီး ငါရေချိုးလိုက်အုံးမယ်"

Daddy Sean Xiao ✔Where stories live. Discover now