Daddy (13)

4.8K 417 25
                                    

Unicode

Yb"ချစ်တယ်... ချစ်တယ် ၊ခင်ဗျားကို
အရမ်းချစ်တယ် "

Sean "မင်း လွတ်လပ်ခွင့်ရသွားပြီးလေ၊
ငါ့အရိပ်ကနေ မင်းထွက်သွားနိုင်ပြီး"

_________________________________

အဝေးပြေးလမ်းမကြီးပေါ် တွင် အနက်ရောင်ဇိမ်ခံကားတစ်စီးက တရိပ်ရိပ်နဲ့
ပြေးနေသည်။အချိန်က မနက် ၇နာရီဝနျးကငြျလောကျပဲရှိတာမို့ ပြေးလွှားနေတဲ့
ကားတစ်စီးတစ်လေတောင်မှမရှိပေ။

ရုတ်တရက်ဆန်စွာ ထိုအနက်ရောင်ကားရဲ့ရှေ့ကနေ အဖြူရောင်ကားနှစ်စီးပိတ်ရပ်လာသည်။ချက်ချင်းပဲ ကားပေါ် ကနေ
လူ၁၀ယောက်က ဆင်းလာသည်။

မောင်းတင်ပြီးသားပစ္စတိုတစ်ယောက်တစ်လက်နဲ့ အနက်ရောင်ကားကို ချိန်ထားကြပေမယ့် သူတို့က အတော်လေးတော့
စိတ်လှုပ်ရှားနေကြသည်။ကားပေါ် ကလူသည် သာမန်လူတစ်ယောက်မဟုတ်ဘူးဆိုတာ ခန့်မှန်းနိုင်သည်။ထိုလူတွေသည်
Jacksaramရဲ့လူတွေဖြစ်သည်။Jack
သည် Seanရဲ့ပြိုင်ဘက်မဟုတ်ဘူးဆိုပေမယ့် သူရတော့မည် ဘယ်အရာကိုမဆို
Seanက အမြဲလိုလိုလက်တစ်ကမ်းဦးယူတတ်တာကြောင့် နောက်ဆုံးသူသည်းမခံနိုင်တော့ပေ။

အနက်ရောင်suitအပြည့်နဲ့ကားပေါ် က
စမတ်ကျကျ ဆင်းလာတဲ့ Seanကိုမြင်
တာနဲ့ သူတို့အလိုလိုခြေလှမ်းဆုတ်သွား
ကြသည်။Seanခြေတစ်လှမ်းတိုးတာနဲ့ သူတို့နောက်တစ်လှမ်းဆုတ်သည်။အခုချိန်ထိ Seanရဲ့မျက်ဝန်းတစ်စုံသည် သူတို့ကို မော့ကြည့်မလာပဲ ဖုန်တစ်စက်မှမရှိတဲ့ အကျီ်လက်နှစ်ဖက်ကို ဖွဖွလေးပုတ်နေသည်။Seanက ခြေလှမ်းကိုရပ်လိုက်တဲ့အချိန်
သူတို့က သေနတ်ကို ဆွဲလုခံရမှာဆိုးသည့်အလာ မြဲမြံစွာ ဆုပ်ကိုင်ထားသည်။

မျက်တောင်ရှည်ရှည်လေးတွေကို Sean
တစ်ချက်နှစ်ချက် ပုတ်ခတ်ပြီး သူ့ရဲ့ဖန်မျက်လုံးလေးတစ်စုံကို ရှေ့ကို အကြည့်ပို့လိုက်တဲ့အချိန်မှာတော့ ထိုလူတွေသည်
ပါးစပ်အဟောင်းသားပွင့်လျက် အံ့သြနေကြသည်။သူတို့ပတ်ဝန်းကျင်တစ်ဝိုက်မှာ
အေးစက်လာပြီး သူတို့လည်း ကျောက်ရုပ်ပမာဖြစ်သွားသည်။ထိုဖန်မျက်ဝန်းတစ်စုံက တစ်ကယ်ကို ညို့အားပြင်းသည်။
Seanက သူတို့အားလုံးကို ဝေ့ဝဲကြည့်ပြီး
ဆွဲဆောင်ရှိစွာနှုတ်ခမ်းကွေးရုံပြုံးလိုက်သည်။

Daddy Sean Xiao ✔Where stories live. Discover now