Daddy (19)

3.7K 348 49
                                    

Unicode

မျက်တောင်လေးတဖျပ်ဖျပ်ခတ်ကာ
လှုပ်လီလှုပ်လက်နဲ့ ဝမ်ရိပေါ် မျက်လုံး
ဖွင်ကြည့်လိုက်သည်။အကြောင်းအရင်းကတော့ စားပွဲပေါ် မှာတင်ထားတဲ့ဖုန်း
သည် သူမကိုင်မချင်းခေါ် မည့်ပုံပေ။

ဖုန်းကိုလှမ်းယူကြည့်လိုက်တဲ့အချိန်မှာတော့ ချန်ဝေဝေ ခေါ် ထားတာဖြစ်သည်။
ချန်ဝေဝေရဲ့ဖုန်းကို သူကိုင်လိုက်ပြီး

"အရူးမ အနှောင့်အယှက် တော်တော်ပေးတာပဲ"

"အတန်းချိန်လား စိတ်မဝင်စားဘူး"

"ယန်ယွီရှု?"

ဒီတစ်ခါတော့ ဝမ်ရိပေါ် လုံးဝအိပ်ချင်ပြေသွားသည်။သကောင့်သားက နှင်းဆီပန်းစီးကိုင်ပြီး ကျောင်းရှေ့မှာ သူ့ကို ချစ်ရေးဆိုနေတယ်တဲ့။သူတို့နဲ့ကျောင်းအတူတူမှန်း အခုမှသူသိလိုက်ရသည်။

"ဝေဝေနင်နည်းနည်းပါးပါးကြည့်ရှင်းလိုက်
ငါ့မှာ ချစ်သူရှိတယ်လို့ပါပြော"

"ဟုတ်ပြီး"

ဝမ်ရိပေါ် နဲ့ဖုန်းပြောပြီးတာနဲ့ ယန်ယွီရှုတို့သူငယ်ချင်းသုံးယောက်ဆီ ချန်ဝေဝေလျှောက်လာခဲ့သည်။သူ သူ့ငယ်ချင်းကို
ကာကွယ်ပေးရမည်။

"ဒီမှာ အရှည်ကြီး ၊ ပြသနာမရှာနဲ့"

ဘလိုင်းကြီး သူ့ကိုလာကောသွားတဲ့ ချစ်စရာဂျပုမလေးကိုကြည့်ပြီး ယန်ယွီရှုမျက်ခုံးနှစ်ဖက်ပင့်တက်သွားသည်။
ရုပ်ကလေးကချစ်စရာကောင်းသလောက်
တော်တော်လည်း စွာမည့်ပုံပေ။

"မင်းကဘယ်သူလဲ?"

"ငါက ဝမ်ရိပေါ် ရဲ့သူငယ်ချင်း ၊သူ့ကို
မနှောင့်ယှက်နဲ့။မဟုတ်လို့ကတော့
ငါနဲ့တွေ့မယ်"

"မင်းကိုလား?ကြောက်ရမှာ"

"ရိပေါ် မှာ ချစ်သူရှိပြီးသား နင်နောက်ဆုပ်လိုက်တော့"

ယန်ယွီရှုမျက်မှောင်ကြုတ်သွားလေသည်။လှည့်ထွက်သွားမယ့်ချန်ဝေဝေရဲ့လက်ကောက်ဝတ်ကို သူဆွဲထားလိုက်ပြီး

"သူက ဘယ်သူလဲ?"

"သိချင်ရင် ကိုယ့်ဘာသာစုံစမ်း"

Daddy Sean Xiao ✔Where stories live. Discover now