Daddy (20)

3.8K 305 30
                                    

Unicode

စီချင်းဂူရဲ့ကိတ်မုန့်ဆိုင်ရှေ့မှာ ဆိုင်ကယ်ရပ်ပြီး ဆိုင်ထဲဝင်ဖို့လုပ်စဥ်မှာ
နောက်ထပ်ဆိုင်ကယ်တစ်စီးက သူ့ဆိုင်ကယ်နားရပ်လာတာကိုမြင်လိုက်ရတော့ ဝမ်ရိပေါ် မျက်မှောက်ကြုတ်သွားလေသည်။ယန်ယွီရှုက ဆိုင်ကယ်ဒေါက်ထောင့်ပြီး ခပ်တည်တည်ပဲ သူ့ဆီလျှောက်လာကာ ပြုံးပြလိုက်သေးသည်။

"ရိပေါ် ၊ ဆိုင်တောင်မရောက်တာကြာပြီးနော။သူငယ်ချင်းလည်း ပါလာတာပဲ"

"ဟုတ်တယ်မမချောချော ကျွန်တော့်နာမည်က ယန်ယွီရှုပါ "

သွက်သွက်လက်လက်ရှိလှသော လူရွယ်လေးကိုကြည့်ပြီး စီချင်းဂူသဘောတကျပြုံးလိုက်မိသည်။နှစ်ယောက်လုံးကို စီချင်းဂူက ဆိုင်ထဲ ခေါ် သွင်းလိုက်တဲ့အချိန်မှာ
တော့ကိတ်မုန့်ဆိုင်ရှေ့မှာ အနက်ရောင်ကားတစ်စီးထိုးရပ်လာသည်။

ကားပေါ် ကဆင်းလာတဲ့ နတ်ဘုရားလိုချောမောလှပတဲ့ Seanကို မြင်လိုက်ရချိန်
ကိတ်မုန့်ဆိုင်မှာ ကောင်မလေးတွေ
စုပြုံရောက်လာပြီး စီချင်းဂူလည်း
ကိတ်မုန့်တွေအများကြီး ဝယ်သွားကြသည်။Seanကတော့ ထိုအရာတွေကို
ဂရုစိုက်မနေပေ။ဆိုင်ထဲ သူဝင်သွားပြီး
မျက်စောင်းထိုးအနေအထားနဲ့ထိုင်နေတဲ့
ရိပေါ် နဲ့ ယန်ယွီရှုကို တစ်ချက်ကြည့်လိုက်သည်။

ရှိသမျှဝိုင်ပုလင်းတွေကိုSeanချခိုင်းတော့
စီချင်းဂူလည်း သူတို့အတွက်ဝိုင်ပုလင်းတွေနဲ့ခွက်ကိုချပေးလိုက်ပြီး အပြင်ကို
ပြေးထွက်သွားသည်။အရှေ့မှာဝယ်သူတွေကများတာကြောင့် သူမ ကိုယ့်မျက်လုံးကိုတောင်မယုံကြည်နိုင်ဖြစ်နေသည်။

စားပွဲပေါ် တွင် ခွက်သုံးလုံးရှိသည်။Seanက ခွက်တစ်လုံးထဲ ဝိုင်တစ်ဝက်ထည့်ပြီး ယန်ယွီရှုကို တွန်းပေးလိုက်သည်။

နောက်ထပ်ခွက်နှစ်ခွက်ကို Sean ထပ်
ပြီး ရိပေါ် ကို ကြည့်ရင်း

"ငယ်လေး မသောက်ဘူးလား"

"သူမသောက်ရဘူး ခင်ဗျားနဲ့ ကျွန်တော်နှစ်ယောက်တည်းပဲ"

Seanနဲ့ယန်ယွီရှုကို ကြည့်ပြီး ရိပေါ် အခုထိ
ဘာစကားမှမပြောနိုင်သေးပေ။သူတို့နှစ်ယောက်က ဘယ်ကနေဘယ်လိုသိကြပြီး
ဝိုင်တောင်ပြိုင်သောက်တဲ့အဆင့်ဖြစ်သွားရတာလဲ။အကြည့်တွေနဲ့တောင်
တိုက်ခိုက်နေကြသေးသည်။

Daddy Sean Xiao ✔Where stories live. Discover now