Daddy (26)

2.7K 192 21
                                    

Unicode

ရှောင်းဖုန်းလျိုနဲ့ဖုန်းပြောပြီးတာနဲ့ လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်
ဝမ်ရိပေါ် ဆုပ်လိုက်မိသည်။

Seanကို သစ္စာဖောက်ခိုင်းတယ်ဆိုတဲ့စကားကဟာသတစ်ခုကို ထပ်ခါထပ်ခါ
ကြားနေရသလိုပေ။သူသာလက်မခံရင် သူချစ်တဲ့တစ်ယောက်ယောက်ရဲ့အသက်ကို အာမမခံနိုင်ဘူးတဲ့လား။ဒီလူကြီးရဲ့အတင့်ရဲမှုက တော်ရုံမဟုတ်ပေ။

တကယ်လို့ ရှောင်းဖုန်းလျိုသာ သူချစ်တဲ့သူတွေထဲကတစ်ယောက်ရဲ့အသက်ကို
ခြိမ်းခြောက်လာခဲ့ရင် သူဘယ်လိုလုပ်ရမလဲ။Seanကို သူပြောပြသင့်လား။ဟင်အင်း
Seanသာ သူ့ဦးလေးငယ် သူ့အပေါ်
မကောင်းတာကြံစည်တာကို သိရင်
အတော်ဝမ်းနည်းသွားမှာပဲ။ပြီးတော့
Seanက လမ်းလျှောက်နိုင်တဲ့လူသားတစ်ယောက်လည်းမဟုတ်တော့ဘူး။

ဒီနေ့ ဇီဥယျာဥ်သို့ ရှောင်းဖုန်းလျို ရောက်လာချိန် ရဲကား10စီးလောက်
ဇီဥယျာဥ်ထဲ မောင်းဝင်လာတာကို
တွေ့လိုက်ရသည်။ ဘာအကြောင်းကိစ္စကြောင့်များ ရဲကားတွေနဲ့ ရဲတွေအများကြီးရောက်လာတာလဲ၊ရှောင်းဖုန်းလျို သိချင်စိတ်နဲ့စပ်စုချင်စိတ်များ တဖွားဖွား ပေါ် လာတော့သည်။

Seanရဲ့အခန်းထဲသို့ ရဲတွေအများကြီးဝင်ရောက်လာပြီးမှ အရာရှိကြီးက ဝင်လာသည်။Seanနဲ့အရာရှိကြီးတို့ 10စက္ကန့်မျှ
အကြည့်ချင်းဆုံပြီးနောက် အရာရှိကြီးက
အကြည့်ကို လွဲလိုက်သည်။

"ဇီယျာဥ်မှာ သေနတ်တွေကို Seanက တရားမဝင်ဝယ်ယူနေတယ်လို့
ကျွန်တော်တို့ သတင်းရထားတယ်"

အရာရှိကြီးရဲ့စကားကြောင့် ရှောင်းဖုန်းလျို မျက်ခုံးနှစ်ဖက် ပင့်တက်သွားလေသည်။

Seanက မျက်မှောင်ကြုံ့ပြီး အရာရှိကြီးဘက်လှည့်ကာ ယုံကြည်မှုအပြည့်နဲ့ စကားဆိုလိုက်သည်။

"ဒါဆို တစ်အိမ်လုံးနဲ့ ဇီဥယျာဥ်တစ်ခုလုံးကို အရာရှိကြီးတို့ ကြိုက်သလောက်ရှာပါ"

အိမ်ရဲ့အခန်းတွေတစ်ခန်းမျှမကျန်အောင်
ရဲတွေ ရှာဖွေနေကြပေမယ့် လက်နက်နဲ့တူတဲ့အရာဟူ၍ဘာမှမတွေ့ခဲ့ကြပေ။နောက်ဆုံး သူတို့ ဇီဥယျာဥ်ထဲ အသည်းအသန် လိုက်ရှာကြပြန်သည်။ဒါ
လည်းသံသယဖြစ်ဖွယ်လက်နက်ကို ရှာမတွေ့ခဲ့ကြပေ။

Daddy Sean Xiao ✔Where stories live. Discover now