Part-2

1.4K 183 13
                                    

"စီ....စီနီယာ..ပြန်လို့ရပါပြီ"

ထိုင်ခုံမှာအနေရခက်စွာထိုင်နေရင်းဘေးကကပ်လျက်ခုံမှာထိုင်ကာစားပွဲပေါ်ကိုမှောက်အိပ်နေရင်းသူ့အားစိုက်ကြည့်နေသည့် Taehyung ကို Jungkook ပြောသည်...

"ချာတိတ်..."

"ဗျာ..."

Taehyung ကခေါ်လိုက်တာကြောင့်မျက်လုံးလေးပြူးကာ  Jungkook ပြန်ဖြေသည်...

"မင်းမှာချစ်သူရှိလား"

"မ...မရှိပါဘူး စီနီယာ Kim..."

"အဲ့တာဆိုကိုယ်နဲ့ချစ်သူလုပ်တမ်းကစားမလား..."

"ဗျာ...!!"

စကားတတ်လွန်းကာစူးရှတဲ့အကြည့်တွေကိုပိုင်ဆိုင်ထားသည့် Taehyung ကြောင့် Jungkook ခမျာရှက်ကာမျက်နှာလေးကနီရဲနေလေသည်...Taehyung ပြောလိုက်သည့်စကားလုံးတိုင်းကိုလည်းအံ့ဩကာမျက်လုံးပြူးလေးနဲ့ကြည့်နေလေသည်...

"နေအုံး မင်းကိုကိုယ်ပြောထားအုံးမယ် ဒီမှာသိတဲ့သူရှိလား"

"မ...မရှိပါဘူး..."

"အဲ့တာဆိုဘယ်သူနဲ့ထိုင်မှာလဲ ခဏနေကျမှကိုယ်စိတ်ချရတဲ့သူတစ်ယောက်ကိုမင်းရဲ့ဘေးမှာထိုင်ခိုင်းရမယ် ပြီးတော့ ဒီမှာသိတဲ့သူမရှိဘူးလို့မင်းပြောတယ်နော်"

"ဟုတ်..."

"အဲ့တာဆိုခဏခဏမပြုံံးနဲ့ ခုနကလိုအူကြောင်ကြောင်မျက်နှာလေးလည်းမလုပ်နဲ့ အရမ်းချစ်ဖို့ကောင်းလွန်းနေတယ် ကြားလား!!"

"ဟုတ်...ဟုတ်ကဲ့..."

အသံမာမာနဲ့ပြောလိုက်သည့် Taehyung ကြောင့် Jungkook ကြောက်သွားကာခေါင်းလေးကိုငုံ့လက်နှစ်ဖက်ကိုပေါင်ပေါ်မှာခပ်စုစုလေးတင်ထားကာတောင်းပန်သည့်ပုံစံလေးဖြင့်ပြောသည်...

"ကိုယ့်ကောင်လေးကလိမ္မာလိုက်တာ ခေါင်းကတော်တော်နာသွားသေးလား ခုနကတိုက်မိတာကအားတော်တော်ပါတယ်..."

မတ်တပ်ထရပ်ရင်း ခေါင်းငုံထားသည့် Jungkook ရဲ့ခေါင်းလုံးလုံးလေးကိုအသာအယာပွတ်ကာ Taehyung မေးသည်...

"ရ..ရပါတယ် စီနီယာ မနာတော့ပါဘူး...."

"နာသွားမှာပေါ့ ကိုယ်တောင်ပုခုံးနာသွားသေးတာပဲ...ခေါင်းမူးနေလား..."

SO,THIS IS LOVEWhere stories live. Discover now