"ချာတိတ်..."
စာလုပ်နေသည့် Jungkook ရဲ့ဘေးမှာထိုင်နေကာ Jungkook ကိုငေးကြည့်နေရင်း Taehyung ပြောသည်...
"ဗျာ..."
"စာမပြီးသေးဘူးလား..."
"အွန်း မပြီးသေးဘူး ဘာလို့လဲ"
"မလုပ်နဲ့တော့.."
"ဟာ...မလုပ်လို့ရမလား Taehyungie Hyung ကလည်း..စာမလုပ်ရင်စာမေးပွဲကျမှာပေါ့"
"ချာတိတ်!!ကိုယ်ကအရေးကြီးလား စာကအရေးကြီးလား"
ကျောင်းမှာလူမိုက်စာရင်းဝင်ကာခပ်မိုက်မိုက်ကောင်လေးတစ်ယောက်ဖြစ်တဲ့ Taehyung ဟာ Jungkook နဲ့ဆိုလျှင်တော့အချစ်ခံချင်လွန်းလို့လူသားငယ်လေးတစ်ယောက်ဖြစ်နေပြန်ပါသည်...
"Hyung...!!"
Taehyung ရဲ့စကားကိုကြားသည့်အခါ Jungkook အံ့ဩသွားသလိုမျက်နှာလည်းပျက်သွားလေသည်...Seoul မှာသူ့ကိုကြင်ကြင်နာနာနဲ့ကောင်းကောင်းမွန်မွန်ဆက်ဆံပေးတာ Taehyung ပဲရှိတာကြောင့်ဒီလိုမေးခွန်းမျိုးကိုကြားသည့်အခါစိတ်ထဲမှာတစ်မျိုးခံစားလိုက်ရသည်...Taehyung ကသူ့ကိုစိတ်ပျက်သွားလေမလားဆိုတဲ့အတွေးတွေလည်းဝင်လာသည်...
"ချာတိတ်...ဘာဖြစ်သွားတာလဲ စိတ်ဆိုးသွားတာလား..."
မျက်နှာလေးညှိုးကျသွားသည့် Jungkook ကိုမြင်လိုက်ရသောအခါ Taehyung ပျာပျာသလဲဖြစ်သွားကာမေးသည်...
"မ..မဟုတ်ပါဘူး အဲ့မေးခွန်းကဖြေစရာတောင်လိုလို့လား....Hyung ကပိုအရေးကြီးတာပေါ့...."
ခေါင်းလေးကိုငုံ့ကာဖြေသည့် Jungkook ကြောင့် Taehyung မှာအသည်းယားနေလေသည်....
"အာ...ချာတိတ်ရာ...အူတွေယားလာပြီနော်..."
"ဟင်...!!"
Taehyung က Jungkook ရဲ့ပါးကိုဆွဲဖဲ့ကာပြောလိုက်တာကြောင့် Jungkook အံ့ဩသွားကာ Taehyung ကိုကြည့်နေလေသည်...
"တွေ့လား အဲ့လိုမျက်နှာ..."
"ဟေ့ကောင်!!Taehyung..."
Taehyung ကိုကြည့်နေရင်းနဲ့အတန်းထဲကိုဝင်လာသည့် Taehyung ရဲ့သူငယ်ချင်း Homin ကြောင့် Jungkook အကြည့်လွှဲကာခေါင်းငုံ့လိုက်လေသည်...
"ဟာ...ဘာလဲကွာ..!!"
"အမယ်..ငါ့ကိုတောင်ပြန်အော်နေသေးတယ် လေ့ကျင့်ရမှာလေ တစ်သင်းလုံးကမင်းကိုစောင့်နေတာ နည်းပြကလည်းဒေါသထွက်နေပြီ သွားမယ်"
YOU ARE READING
SO,THIS IS LOVE
FanfictionAlways on my mind Forever in my heart ෆ Both Unicode and Zawgyi