Extra

1.5K 139 7
                                    

"Hyung!!ပြန်တော့ဗျာ"

စာမလုပ်ဘဲသူ့အရှေ့မှာထိုင်ကာသူစာထိုင်လုပ်နေတာကိုအရသာခံထိုင်ကြည့်နေသည့် Taehyung ကို Jungkook ပြောသည်...

"ဟာ...ဘာလို့လဲ ကောင်လေးကလည်း..."

Jungkook ကဆူသည့်အခါ Taehyung နှုတ်ခမ်းဆူကာစားပွဲပေါ်ကိုမှောက်ချလိုက်ပြီးမျက်လုံးရွဲကြီးတွေနဲ့ Jungkook ကိုကြည့်နေလေသည်...

"စာလုပ်ရမယ်လေ...ပြန်တော့"

"အခုလည်းစာလုပ်နေရတာပဲကိုကိုယ့်ကိုနှင်ထုတ်စရာလိုလို့လား...ကလေးလေးရာ..."

"ကျွန်တော်စာလုပ်တာကိုပြောနေတာမဟုတ်ဘူး...Hyung စာလုပ်ဖို့ကိုပြောနေတာ...နောက်ဆုံးစာမေးပွဲကြီးကနီးနေပြီကိုဘာစာမှလည်းမလုပ်ဘူး"

"မကျပါဘူးချာတိတ်ကလည်း..."

"Hyung!!"

Taehyung ကစကားကိုပေါ့ပျက်ပျက်ပြောလိုက်တာကြောင့် Jungkook ဒေါသထွက်သွားလေသည်...မျက်နှာနီရဲတက်လာကာဒေါသထွက်နေသည့် Jungkook ကိုမြင်သည့်အခါ Taehyung ပြာပြာသလဲတောင်းပန်လေတော့သည်...

"စတာ!!စတာ...စတာနော် ကိုယ့်ကိုစိတ်မဆိုးနဲ့နော် ကိုယ်စာလုပ်ပါတယ် ကလေးမှမမြင်တာ အိမ်ရောက်တာနဲ့ကိုယ်စာအပြေးအလွှားလုပ်တာတွေကျတော့ချာတိတ်မှမသိတာ...ကိုယ်စာလုပ်လားမလုပ်လားသိချင်ရင်အတူတူနေကြမလားဟင်"

Jungkook ရဲ့ပါးလေးနှစ်ဖက်ကိုဆွဲညှစ်ထားရင်း Taehyung ပြောသည်...စိတ်ဆိုးပြေရမဲ့အစား Taehyung ရဲ့စကားကြောင့် Jungkook ရှက်လာတာကြောင့် Taehyung  ရဲ့လက်ကိုဆွဲဖယ်လိုက်လေသည်...

"Hyung နော်...စကားလမ်းကြောင်းလွှဲမနေနဲ့...ဒီလိုပုံအတိုင်းအလေလိုက်နေရင်စာမေးပွဲရောက်ရင်ဘယ်လိုလုပ်မလဲ...စာသွားလုပ်ချည်တော့"

"ရပါတယ်ဆိုချာတိတ်ကလည်း...ကိုယ်ကချာတိတ်နဲ့ဒီအချိန်လေးတွေ့ရတာလေ...ကျောင်းဆင်းရင်ကျတော့လည်းချာတိတ်ကိုအိမ်ပြန်လိုက်ပို့ပြီးရင်တွေ့လို့မှမရတော့တာ"

နှုတ်ခမ်းကိုတတောင်လောက်ထော်ကာ Jungkook ရဲ့လက်ကိုလှမ်းကိုင်ပြီးသူ့မျက်နှာကိုပွတ်သပ်ကာ Taehyung ပြောသည်...

SO,THIS IS LOVEजहाँ कहानियाँ रहती हैं। अभी खोजें