Part-9

1.2K 151 3
                                    

"ချာတိတ်...ရေခဲမုန့်စားမလား"

"တော်ပြီ...Hyung..."

Jungkook နဲ့ Taehyung ကအခုကစားကွင်းမှာရောက်နေတာဖြစ်သည်...Taehyung က date လုပ်မယ်ဆိုတော့ Jungkook ထင်ထားတာကစျေးကြီးကြီးနေရာတွေကိုခေါ်သွားမယ်လို့ထင်ထားခဲ့တာဖြစ်သည်...သို့သော်အခုကစားကွင်းကိုခေါ်လာပေးတာကြောင့် Jungkook စိတ်သက်သာရာရသွားလေသည်...သူ့ကြောင့်မို့လို့ Taehyung ကိုအခက်မတွေ့စေချင်တာအမှန်ပါ...ကစားကွင်းရောက်တော့လည်း Taehyung ကသူ့ထက်ပင်ပို၍ပျော်ရွှင်နေလေသည်...

"ဘာလို့လဲ ချာတိတ်ကလည်းစားပါ"

"တော်ပါပြီဆို Hyung ကလည်း..."

"ဘာလို့မစားတာလဲ ပြော"

"Hyung ပိုက်ဆံကုန်နေမှာပေါ့..."

"အမလေးဗျာ ချာတိတ်ရယ် ရေခဲမုန့်လေးတစ်ခု၊နှစ်ခုလောက်နဲ့ဘယ်လောက်မှမကုန်ပါဘူးကွာ"

Jungkook ရဲ့အဖြေကို Taehyung ကသဘောကျစွာရီမောရင်းပြောသည်...

"ဘာပဲဖြစ်ဖြစ်ဗျာ...Hyung ပိုက်ဆံကုန်သွားမှာပေါ့..."

"ချာတိတ်နဲ့လက်ထပ်ပြီးရင်အိမ်ရဲ့အသုံးစရိတ်တွေကိုချာတိတ်ပဲတာဝန်ယူတော့နော် ကပ်စီးကုတ်လေး..."

Jungkook ရဲ့ဆံပင်ကိုလက်ထိုးဖွကာ Taehyung ပြောသည်..

Taehyung ရဲ့စကားကြောင့် Jungkook ရဲ့မျက်နှာလေးကချက်ချင်းဆိုသလိုနီရဲတက်လာလေသည်...

"Taehyungie Hyung!!"

"အားးးးကပ်စီးကုတ်လေးကိုကြောက်တယ်ဗျို့!!"

ပြောရင်းဆိုရင်း Taehyung ကရေခဲမုန့်သည်ဆီကိုပြေးထွက်သွားလေသည်...သူ့ထက်ပင်ကလေးဆန်ကာအူမြူးနေသည့် Taehyung ကိုကြည့်ကာ Jungkook ရဲ့နှုတ်ခမ်းပါးလေးဟာလည်းသူ့အလိုလိုအပြုံးလှလှလေးတစ်ပွင့်ကိုဖန်တီးလိုက်လေသည်...

"Hyung!!စောင့်အုံး"

Jungkook လည်း Taehyung အနောက်ကိုပြေးလိုက်သွားရလေတော့သည်...

"Hyung...."

"အွန်း...ပြောလေ ချာတိတ်.."

"ဘာလို့ကစားကွင်းကိုခေါ်လာတာလဲ..."

ပန်းပင်တွေအနားမှာရှိသည့်ထိုင်ခုံပေါ်မှာထိုင်ကာရေခဲမုန့်စားရင်း Jungkook ပြောသည်...ထိုအခါ Taehyung က Jungkook ဘက်ကိုလှည့်လာလေသည်...

SO,THIS IS LOVEWhere stories live. Discover now