Part-7

1.1K 150 5
                                    

"ဟဲ့...နင့်ရဲ့ Taehyung နဲ့ Jeon Jungkook ဆိုတဲ့ကောင်လေးကအရမ်းတွဲတယ်နော် Taehyung ကပဲလိုက်ကပ်နေတာများတယ် သတိထားအုံးနော်"

"အလကားပါဟာ...Taehyung ကိုငါပဲပိုင်တာ အခုဟာကဟိုကောင်ကသနားကမားဖြစ်အောင်လုပ်ပြပြီးတော့ Taehyung ကိုဇွတ်လိုက်ကပ်နေတော့ Taehyung ကသနားလို့နေမှာပါ"

Canteen ထဲမှာနေ့လည်စာစားနေရင်း Hyein နဲ့သူ့သူငယ်ချင်းတွေစကားပြောနေကြခြင်းဖြစ်သည်...သူတို့စကားပြောနေသည့်အချိန်အတွင်းမှာပင် canteen ထဲကို Taehyung နဲ့ Jungkook ဝင်လာလေသည်...

"ဟဲ့ Hyein ဟိုမှာ..."

Hyein ရဲ့ဘေးကကောင်မလေးက Hyein အားလက်တို့ကာပြောသည်...ထို့ကြောင့် Hyein လှမ်းကြည့်လိုက်သည့်အခါ Jungkook ရဲ့ဘေးမှာစကားပြောကာပါလာသည့် Taehyung ကိုမြင်လိုက်ရသည်...

"တွေ့တယ်မလား နင့်ကိုငါပြောသားပဲ Taehyung ကအရမ်းကပ်..."

ထိုကောင်မလေးရဲ့စကားမဆုံးခင်မှာပင် Hyein က Taehyung တို့ဆီကိုဦးတည်ကာထွက်သွားလေပြီဖြစ်သည်...

"Kim Taehyung!!နင်ဒါဘာအချိုးချိုးတာလဲ!!"

Taehyung ရှေ့ကိုရောက်သောအခါအော်ပြောလိုက်သည့် Hyein ကြောင့် Jungkook အပါအဝင် canteen ထဲရှိကျောင်းသားကျောင်းသူတွေရဲ့အကြည့်က Hyein ဆီကိုစုပြုံရောက်လာလေသည်...

"Kim Hyein....ငါအားနေတာမဟုတ်ဘူး ဘေးဖယ်"

Taehyung ကဘောင်းဘီအိတ်ထဲကိုလက်ထည့်ကာသွေးအေးစွာပြောသည်...

"မဖယ်နိုင်ဘူး!!နင်...နင်ဘာလို့ဒီအစုတ်အပြတ်ကောင်နဲ့တွဲနေရတာလဲ ဟမ်!!"

"ငါ့ဘာသာငါလုပ်လုပ်နင့်စောက်ပူပါလား...."

"ပါတယ်ဟဲ့ ပါတယ် နင်နဲ့ငါကတွဲခဲ့တာလေ နင်..နင်ငါ့ကိုအားနာသင့်တာပေါ့..."

"စီနီယာ...ကျွန်တော်သွားနှင့်မယ်နော်..."

တင်းမာလာသည့်အခြေအနေကြောင့်ရှောင်လိုက်တာကောင်းမယ်ဟု Jungkook တွေးမိတာကြောင့် Taehyung ဆီကခွင့်တောင်းစွာထွက်သွားဖို့ပြင်သည်...သို့သော် Taehyung ကဘာမှမပြောဘဲ Jungkook ရဲ့လက်ကိုလှမ်း၍ဆုပ်ကိုင်လိုက်လေသည်...

"Kim Hyein...မင်းကိုငါတစ်ခုပြောလိုက်မယ် အရင်တုန်းကကိစ္စတွေကိုပြန်ပြီးဆွဲမထည့်နဲ့ မင်းအပေါ်မှာလည်းငါဘာစိတ်မှမရှိတော့ဘူး"

SO,THIS IS LOVEWhere stories live. Discover now