Final part

1.6K 164 10
                                    

ကျောင်းတက်ခေါင်းလောင်းတီးနေပြီဖြစ်တာကြောင့်ကျောင်းတံခါးလည်းပိတ်နေပြီဖြစ်သည်...ကျောင်းစောင့်ဦးလေးကြီးတံခါးပိတ်နေသည့်အချိန်တွင်တံခါးအားလှမ်းဆွဲကာအမောဖြေနေသည့်သူဟာ Jungkook ဖြစ်သည်...ဒီနေ့ Jungkook အိပ်ရာထနောက်ကျတာကြောင့်ကျောင်းနောက်ကျနေခြင်းဖြစ်သည်...အိပ်ရာထနောက်ကျရသည့်အကြောင်းရင်းရဲ့တရားခံကတော့ Taehyung ပင်ဖြစ်သည်...

မနေ့က Taehyung ဆီကအနမ်းခံရပြီးနောက်တစ်ညလုံး Jungkook အိပ်မပျော်ချေ...Taehyung ရဲ့အငွေ့အသက်တွေထင်ကျန်နေသေးသည့်သူ့ရဲ့နှုတ်ခမ်းပါးနုနုကိုအသာအယာတို့ထိကိုင်ကာပြုံးနေမိသည့်အချိန်ဟာတစ်ညလုံးနီးပါးဖြစ်သည်...Taehyung နဲ့စတွေ့ကတည်းက Taehyung ဘက်ကသိသိသာသာအရောတဝင်လုပ်ကာစသလိုလို၊နောက်သလိုလိုနှင့်သူ့ရဲ့ခံစားချက်တွေကိုပြောပြခဲ့ပေမယ့် Jungkook ကတော့ Taehyung ကိုအစ်ကိုတစ်ယောက်လိုဟာသဘောထားခဲ့လေသည်....သို့သော်မနေ့ကအဖြစ်အပျက်ကြောင့် Taehyung အပေါ်မှာသူကိုယ်တိုင်လည်းခံစားချက်ရှိနေကြောင်းသိလိုက်ရသည်....

"ဆ...ဆရာ...ကျွန်တော်ဝင်လို့ရမလား..."

အတန်းရှေ့ကိုရောက်သောအခါအတန်းပိုင်ဆရာက roll call ပင်ခေါ်နေပြီဖြစ်တာကြောင့်အခန်းတံခါးဝမှာခေါင်းငုံ့ကာအရိုအသေပေးရင်းမေးသည်...

"အော်...အေး Jungkook လာလေ ဝင် ဆရာကမင်းနေမကောင်းဘူးလို့တောင်ထင်နေတာ..."

Jungkook ကအတန်းတွင်းစာမေးပွဲတိုင်းမှာလည်းအမြဲတမ်းပထမရသလို၊ကျောင်းတွင်းစာမေးပွဲဖြေတိုင်းလည်းအမြဲတမ်းပထမသုံးယောက်ထဲမှာပါသည်...ထိုသို့ထူးချွန်သည့်အပြင်ကျောင်းလည်းမပျက်ချေ...ထို့အပြင်ကျောင်းအချိန်လည်းမှန်အောင်အမြဲတမ်းလာလေသည်...ထို့ကြောင့်ဆရာတိုင်းက Jungkook ကိုချစ်ကြလေသည်...

"ဟုတ်...အိပ်ရာထနောက်ကျသွားလို့..."

"အေးအေး ရတယ် ဝင်ဝင်"

အတန်းထဲကိုဝင်ကာထိုင်ခုံမှာဝင်ထိုင်ရင်းသက်ပြင်းချကာအမောဖြေရပြန်သည်......စားပွဲခုံရဲ့အံဆွဲကိုဖွင့်လိုက်သည့်အခါသူနေ့တိုင်းတွေ့ရသည့်သူကြိုက်သည့်မုန့်ထုပ်တွေနဲ့အချိုရည်ဘူးတွေကိုတွေ့ရလေသည်...ထို့ကြောင့် Jungkook ပြုံးလိုက်မိလေသည်...ထိုအရာတွေက Taehyung နေ့တိုင်းလုပ်နေကြအရာတွေဖြစ်သည်...Jungkook ကမေးသည့်အခါတွင်လည်းသူပေးတာမဟုတ်ဘူးဟုအကြောက်အကန်ငြင်းလေသည်...ထိုအခါ Jungkook ကဘယ်သူပေးတာမှန်းမသိတာတွေကိုမစားဘူးဟုပြောသည့်အခါတိုင်းတွင်တော့ဇွတ်စားခိုင်းလေသည်..."တစ်ခုခုဖြစ်ရင် ကိုယ်ကချာတိတ်ကိုချီပြီးဆေးရုံလိုက်ပို့မှာပေါ့" ဟုလည်းပြောတတ်သေးသည်...

SO,THIS IS LOVEWhere stories live. Discover now