Part-8

1.3K 146 11
                                    

"ချာတိတ်..."

"ဗျာ..."

Jungkook ကိုအိမ်ပြန်လိုက်ပို့ရင်းနဲ့ Jungkook ရဲ့လက်ကိုလှမ်းကိုင်ဖို့တုံ့နှေးတုံ့နှေးနဲ့ကြိုးစားနေသည့် Taehyung ဟာစကားစလာပါသည်...ဘေးချင်းကပ်ရပ်လမ်းလျှောက်နေတာကြောင့် Jungkook ရဲ့လက်နုနုလေးဟာ Taehyung ရဲ့လက်ကိုမသိမသာလေးနူးညံ့စွာပွတ်တိုက်သွားသည့်အခါတိုင်း Taehyung ရင်တွေခုန်ရပါသည်...

"မနက်ဖြန်ကျောင်းပိတ်တယ်လေ..."

"အွန်းလေ"

"ဘာလုပ်မှာလဲ..."

"အိမ်မှာပဲနေမှာလေ Busan ကိုပြန်ဖို့ကလည်းတစ်ရက်၊နှစ်ရက်လောက်နဲ့ဆိုရင်ဘာမှသိလိုက်မှာမဟုတ်ဘူး အဲ့တာကြောင့်အိမ်မှာပဲနားတော့မယ်...ဘာလို့မေးတာလဲ Hyung..."

"တကယ်လို့...တကယ်လို့လေ...."

ဘယ်သူနဲ့မှမတုန်လှုပ်ခဲ့ဖူးသည့် Taehyung ဟာ Jungkook နဲ့ကျမှတုန်လှုပ်စွာကြောက်ရွံ့နေမိသည်...

"အွန်း...ပြောလေ..."

"တကယ်လို့တစ်ယောက်ယောက်ကချာတိတ်ကိုမနက်ဖြန်ကျရင် date လုပ်ဖို့ခွင့်တောင်းရင်ခွင့်ပြုမှာလား..."

Taehyung ရဲ့စကားကြောင့် Jungkook ကြောင်တောင်တောင်ဖြစ်သွားလေသည်...ခဏတာငြိမ်နေပြီးတော့မှရီမိတော့သည်...

"Hyung ကလည်း...ဘာတွေပြောနေတာလဲ...ဘယ်သူကကျွန်တော့်ကို date လုပ်ဖို့ခွင့်တောင်းမှာလဲ...."

"ကိုယ်က..."

"ဟင်....!!"

ရီနေသည့် Jungkook ရဲ့မျက်နှာလေးဟာ Taehyung ရဲ့တည်ငြိမ်မှုတွေပျော်ဝင်နေသည့်အသံကြောင့်ကြောင်တောင်တောင်လေးဖြစ်သွားရပြန်ပါသည်...

"Kim Taehyung ဆိုတဲ့ကိုယ်က Jeon Jungkook ဆိုတဲ့မင်းကိုမနက်ဖြန်ကျရင် date လုပ်ဖို့ခွင့်တောင်းချင်တယ် ခွင့်ပြုမယ်မလား..."

ခွင့်တောင်းတာမဟုတ်ဘဲအမိန့်ပေးသလိုမျိုးပြောကာအရှေ့ကိုတဖြည်းဖြည်းတိုးလာသည့် Taehyung ကြောင့် Jungkook မျက်လုံးပြူးကာသာကြည့်နေနိုင်တော့သည်...နေရာကနေတစ်လှမ်းမှလည်းမရွှေ့နိုင်ကာကျောက်ရုပ်တစ်ရုပ်လိုငြိမ်သက်နေမိသည်...

SO,THIS IS LOVEWhere stories live. Discover now