"ချာတိတ် ဘာစားပြီးပြီလဲ"
"မနက်စာစားပြီးပါပြီ စီနီယာ..."
"ရော့..."
Jungkook ရဲ့ခုံပေါ်ကိုပေါင်မုန့်တွေနဲ့ bananamilk ဖူးတင်ပေးကာ Taehyung ပြောသည်
"စီ...စီနီယာ ဒါတွေက..."
"မင်းဖို့လေ ကိုယ်ဝယ်ကျွေးတာ သူငယ်ချင်းဖြစ်တဲ့အထိမ်းအမှတ်ပေါ့ ဒါပေမယ့်အကြာကြီးတော့သူငယ်ချင်းမဖြစ်ချင်ဘူး"
"ဗျာ...!!"
"ကိုယ်ပြောတာကိုမင်းနားလည်ပါတယ် ချာတိတ်ရာ...ကျောင်းဆင်းရင်ကိုယ်အိမ်ပြန်လိုက်ပို့မယ် ကျောင်းရှေ့မှာစောင့်နေမယ်နော် ဟုတ်ပြီလား"
"ဟုတ် ဟုတ်ကဲ့..."
Jungkook ရဲ့ခေါင်းကိုပုတ်ကာ Taehyung ပြန်သွားလေသည်...Jungkook ကတော့ Taehyung ပေးထားခဲ့သည့်မုန့်တွေကိုကြည့်ကာပြုံးနေမိသည်....Seoul ကိုရောက်လာကတည်းက Taehyung ကသူ့အပေါ်ကိုနွေးနွေးထွေးထွေးဆက်ဆံပေးတဲ့ပထမဆုံးလူဖြစ်လာခဲ့သည်...လူကြောက်တတ်သည့်အပြင် Taehyung ကသူ့ရဲ့စီနီယာဖြစ်နေတာကြောင့်အစပိုင်းတွင် Jungkook ကြောက်မိပေမယ့် Taehyung ရဲ့ဘေးနားမှာနေရရင်နွေးထွေးကာလုံခြုံသည့်ခံစားချက်ကိုခံစားရလေသည်...Taehyung နဲ့ Jungkook သိတာနှစ်ရက်လောက်ပဲရှိသေးပေမယ့် Jungkook အတွက်တော့ Taehyung ကနှစ်အကြာကြီးသိလာခဲ့သည့်အစ်ကိုတစ်ယောက်လိုဖြစ်နေလေသည်...
.
.
.
"ချာတိတ်....ကိုယ်ဒီမှာ""ဟုတ်..."
ကျောင်းရဲ့အုတ်တံတိုင်းကိုမှီထားကာလက်ပြနေသည့် Taehyung အနားကို Jungkook ရောက်လာလေသည်...
"ချာတိတ်...အစပ်စားနိုင်လား"
"ဟုတ်..နည်းနည်းတော့စားနိုင်ပါတယ်"
"လာ သွားကြစို့"
ပြောရင်းဆိုရင်းနဲ့ Taehyung က Jungkook ရဲ့လက်ကိုလှမ်းဆွဲကာ Tteokbokki ဆိုင်ကိုထွက်လာခဲ့လေသည်...Tteokbokki ဆိုင်ကလမ်းဘေးမှာတွန်းလှည်းဘေးနဲ့ဖွင့်တဲ့ဆိုင်မျိုးဖြစ်သော်လည်းအရသာကတော်တော်ကောင်းလေသည်...
"ဦးလေးကြီး...ကျွန်တော်တို့ကို Tteokbokki အစပ်နှစ်ပွဲပေးပါ"
"အေးအေး"
Taehyung ကဆိုင်ရှင်ဦးလေးကြီးကိုလှမ်းအော်ပြောကာတွန်းလှည်းရဲ့အရှေ့မှာခင်းထားသည့်ထိုင်ခုံကိုဆွဲကာ Jungkook ကိုထိုင်ခိုင်းကာကျန်တစ်ခုံမှာသူကိုယ်တိုင်ဝင်ထိုင်လိုက်သည်...လက်ကတော့ Jungkook ရဲ့လက်ကိုဆုပ်ကိုင်ထားဆဲဖြစ်သည်...
YOU ARE READING
SO,THIS IS LOVE
FanfictionAlways on my mind Forever in my heart ෆ Both Unicode and Zawgyi