Part(2)Unicode

18.9K 391 10
                                    

နောက်တစ်နေ့မနက်........

ပိုးမီမီသော်တစ်ယောက် အိပ်ရာမှနိုးလာသောအခါတွင်တော့ သူမတင်ပါးမှ အောင့်သက်သက်ဖြစ်နေတာကြောင့် ဘာဖြစ်လို့ဖြစ်မှန်း ခန့်မှန်းလို့မရမိပေ။ ထို့ကြောင့်အောက်ထပ်သို့ဆင်းလာကာ....

"ဒေါ်လေးမေ ရေ...ဒေါ်လေးမေ"မီးဖိုးခန်းထဲမှ ဒေါ်လေးမေတစ်ယောက်အပြေးထွက်လာကာ

"ဘာလိုလို့လဲ...မီးငယ်လေး.....နေရောကောင်းသွားပီလားဟင်...."
ဒေါ်လေးမေအမေးကြောင့် သူမ မျက်လုံးပြူးမိသွားသည်။

"သမီး မနေ့က ဖျားနေတာလား... ဟုတ်လား..ဒေါ်လေးမေ"

"ဟုတ်တယ်လေ သမီးလေးရဲ့... သမီးမနေ့ကတညနေလုံးဖျားပြီးသတိလစ်နေတာ.အဲဒါနဲ့ဒေါ်လေးလဲဆေးခန်းလိုက်ပို့သေးတယ်....ဆရာဝန်က ဆေးလဲ ထိုးပေးလိုက်တယ်...ညရောက်တော့မှ သမီး အဖျားပြန်ကျသွားတာကွယ့်...." ဒေါ်လေးမေစကားအဆုံး......

"အဟင့်....ဟင့်...ဟင့်....ဟီး.....ဟီးးးး" ပိုးမီမီငယ် တစ်ယောက် ငိုချလိုက်လေတော့သည်။

"အဲ့ဒါကြောင့် ဒီနေ့မနက် မီးငယ်နိုးတော့ တင်ပါးကြီးတစ်ခြမ်းက အောင့်နေတာကိုး...အဟင့်..ဟင့်...ဟီး...သူများက ဆေးကြောက်ပါတယ်ဆို...အိပ်ပျော်နေတုန်း....ခိုးပြီး ဆေးခန်းသွားပြတယ်...ပြီးတော့ ဟိုဆရာဝန် အစုတ်ပလုတ်ကလည်း ဆေးတောင်ထိုးပေးလိုက်သေးတယ်..အဟင့်...အီး...ဟီး...ရွှတ်"

ပိုးမီမီသော်တစ်ယောက် ကလေးတစ်ယောက်လို ငိုယိုပြောဆိုရင်း နေရာမှာတင် ထိုင်ချလိုက်ကာ ခြေဆင်းပြီး အော်ဟစ် ငိုကြွေးနေလေတော့သည်။

ဒေါ်လေးမေတစ်ယောက်လည်း သူမကြောင့် မီးဖိုခန်းထဲပင် ပြန်မဝင်နိုင်တော့ပဲ သူမစိတ်ပြေတဲ့အထိ စိတ်ရှည်လက်ရှည် ချော့ရပါတော့သည်။နာရီဝက်လောက် ဝ အောင်ငိုပြီးခါမှ မီးငယ်တစ်ယောက်လည်း အငိုရပ်ကာ သူမအတွက် မနက်စာကိုစားပီး အိမ်ဖော်တက်သွားလေတော့သည်။
ဆေးကိုတော့ ဘယ်လိုမှချော့တိုက်၍မရပေ။ တော်သေးသည် မနေ့ညက အိပ်ချင်မူးတူး​ဖြစ်နေသော သူမကို အစားနဲနဲဝင်အောင်ကျွေးပြီး ဆေးတိုက်လိုက်လို့ ဒီနေ့မနက်တော့ နဲနဲနေကောင်းလာတာဖြစ်သည်။ထိုအကြောင်းကိုတော့ သူမ မမှတ်မိချေ။သူမ နဂိုအသိစိတ်နှင့်ဆိုလျှင် ဘယ်လိုမှ ဆေးတိုက်ရမည် မဟုတ်။

Daddy's Barbie{Complete}Where stories live. Discover now