Part(18)Unicode&Zawgyi

9.1K 197 4
                                    

               Daddy's barbie
                 အပိုင်း(၁၈)

တစ်မနက်လုံး ရေချိုးခန်းထဲမှာ အရွဲ့တိုက်လုပ်ထားသမျှ နေ့လည်ရောက်တော့ဖျားပါလေရော။
မနက်ကတည်းက ဦးကို စိတ်ဆိုးပီး စကားမပြောဘဲ တစ်ယောက်တည်း အောက်ထပ်မှာ တီဗီ ထိုင်ကြည့်နေတာ။လူက အခြေနေမဟန်တော့ အပေါ်ထပ်သို့ ပြန်တက်ဖို့ပြင်ရလေသည်။ သူမဖျားနေတဲ့အကြောင်းကို သွားလည်းမပြောရဲ။
ကိုယ့်အပြစ်နဲ့ကိုယ်မို့။ ကိုယ့်ဘက်ကနေ
စပီးတော့လည်း စကားမပြောချင်။သူကလည်း လာမချော့။..အခန်းထဲမှာ တစ်ယောက်တည်း ဘာလုပ်နေသည်မသိ။သူမအခန်းထဲရောက်တော့ ကိုယ်တော်ချောက စိတ်အေးလက်အေး အိပ်မောကျနေသည်တဲ့လေ။ အိမ်မက်ထဲမှာ မိဖုရား ဘယ်နှစ်ပါးနဲ့ ပျော်ပါးနေသည်မသိ။သူ့ကိုကျ စိတ်ဆိုးမှန်းသိနေလျက်နဲ့ လာချော့ဖော်မရ။ မချိုမချဥ်ရုပ်နဲ့ အ့မျက်နှာက ရေနွေးပူနဲ့ ပက်ပစ်ချင်စရာ။သူမလည်း စိတ်တိုတိုနဲ့ ကိုယ်နေရာကိုယ်ဝင်လှဲပစ်လိူက်သည်။

တစ်မနက်လုံးစိတ်ကောက်ပီး အောက်ထပ်မှာ
တီဗီဆင်းကြည့်နေတာ နေ့လည်ရောက်တဲ့ထိ ပြန်တက်မလာ။ထမင်းစားတော့ လည်း အတူလာမစား။ မဆာသေးဘူး ဆိုပီး ထတောင်မကြည့်။သူကသာ မနေနိုင်လွန်းလို့ အပေါ်ထပ် လှေကားနားကနေ ချောင်းချောင်းကြည့်နေရတာ။ သို့ပေမယ့် သွားချော့လို့မဖြစ်။ နဲနဲလေးလောက်တော့ စချင်ပါသေးသည်။ ကလိ ကလိ ဖြစ်အောင်ပစ်ထားလိုက်အုံးမည်။တီဗီကြည့်နေတဲ့ပုံစံလေးက နွမ်းဖတ်ဖတ်နဲ့ သူမ ဖျားနေပြီဆိုတာ သူသိသည်။  သူ ဆင်းလာဖို့ပြင်နေတုန်း သူမကအရင် ထလာတာ မြင်တာကြောင့် သူ အိပ်ရာထဲ ဝင်လှဲကာ တမင် အိပ်ချင်ယောင် ဆောင်နေလိုက်သည်။
သူ့ဘေးနား ဝင်လှဲတော့ စောင်ကို ခေါင်းမြီးခြုံကာ ခါးကို အတင်းဆွဲဖက်ထားလိုက်သည်။
ဒင်း..ဘာတတ်နိုင်သေးလဲ။တော်တော် အကြောမာတဲ့ဟာလေး။

"ဟ..ဘာလုပ်တာလဲ..လွှတ်လို့...ဖယ်နော်...."

"ဦးကို စိတ်ဆိုးနေတာ.မလား..."

"သိလဲ ဘာလို့မေးနေသေးလဲ..."

သူမကလည်းအတင်းရုန်းသူကလည်း လွှတ်မပေး။

"ဘေ ဘီရေ..ငြိမ်ငြိမ်နေကွာ..."

"မနေဘူး..ခုလွှတ်ပေး..မပေးရင် ကိုက်ဆွဲမှာနော်..."

Daddy's Barbie{Complete}Where stories live. Discover now