Part(7)unicode&zawgyi

11.1K 256 0
                                    

Daddy's barbie
အပိုင်း(၇)

"တီ....တီ...တီ.."
အိမ်အောက်ထပ်မှ ကားဟွန်းသံကြားတာကြောင့် ဦး ပြန်လာပြီမှန်း သူမသိသည်။သူငယ်ချင်းပြည့်ပြည့်ကတော့ ညနေ၄နာရီလောက်ကတည်းကပြန်သွားလေပြီ။သူငယ်ချင်းပြန်သွားမှပဲ သူမလည်းရေမိုးချိုးရတော့သည်။

"ဦး ပြောစရာရှိတယ်.."

"ဘာပြောမလို့လဲ... ပြောလေ မီးငယ်..."

"ခဏနေမှပဲ ပြောပါတော့မယ်...ဦးက အခုမှ အပြင်က ပြန်လာတာလေ...နားပီးရေချိုးလိုက်ဦး..."

"ဟုတ်ပါပီဗျာ...သဘောပါ..သဘောပါ... "

သူမလည်း ပြောပီး အခန်းထဲမှ လှည့်ထွက်မည်အလုပ်...ခန္တာကိုယ်တစ်ခုလုံးကို နောက်ကနေ သိမ်းကျုံး ဖက်ထားခံလိုက်ရသည်။သူမလည်းရုံန်းမည်အပြု..

"တနေကုန် အရမ်းလွမ်းနေခဲ့ရတာ..ကလေးရဲ့...
ခနလေးတော့ ဒီလိုလေး နေပါရစေ...မီးငယ်ရော ဦးကို မလွမ်းဘူးလား...."

"ဟင့်အင်း.."သူမချက်ချင်းပင် ငြင်းလိုက်လေသည်။

"ကိုယ်စိတ်ချမ်းသာ အောင် နည်းနည်းလေးတောင်မှ ညာမပြောဘူးလား ကလေးရယ်..လွမ်းတယ်လို့..ညာပြောတယ်ဆိုရင်တောင်ကိုယ်ဝမ်းသာမိမှာပါ...."

"လိမ်ပြောတာ မကောင်းဘူး ဦးရဲ့...လိမ်ပြောတဲ့သူလည်းမကောင်းဘူး..အလိမ်ခံရတဲ့သူလဲမကောင်းဘူး..."

"အမယ်...ကိုယ့်ကလေးလေးက လူကြီးကို ပြန်ဆုံးမနေတယ်ပေါ့...အဟက်.."

သူလည်း သူမခန္တာကိုယ်လေးကို သူနဲ့မျက်နှာချင်းဆိုင် ဆွဲလှည့်လိုက်ရာ မျက်လုံးလေးအဝိုင်းသား..မျက်တောင်လေးတွေ ပုတ်ခတ်ပုတ်ခတ်နှင့် သူ့ကိုမော့ကြည့်လာသည်။သူလည်း စိတ်တွေမထိန်းနိုင်တော့ပဲ သူမနှုတ်ခမ်းလေးကို ဖိကပ် နမ်းမိလေသည်။

"ဦး ...အု..အွန့်..."အနမ်းတွေက ပြင်းထန်လာကာ သူမ စကားပြောချိန်တောင်မရလိုက်...သူ့အကျီလည်ပင်းနားကိုဆွဲဆုတ်လိုက်မှပင်လွှတ်ပေးလေသည်။

"ဦးနော်...မီးငယ်ကို ဘာလို့ အ့လိုခဏခဏနမ်းနေရတာလဲ...နောက်..."

"ချစ်လို့လေ"
သူမစကားတောင်မဆုံးသေး သူက ပြန်ဖြေလိုက်သောကြောင့် မီးငယ် မျက်ခုံးလေးတွေတွန့်ကွေးကာစိုက်ကြည့်လိုက်လေသည်။

Daddy's Barbie{Complete}Where stories live. Discover now