Part(5)unicode&zawgyi

12.6K 297 4
                                    

              Daddy ရဲ့ Barbie
                    အပိုင်း(၅)

အိမ်မှာတော့ ပိုးမီမီငယ်နဲ့ မစ်ကီ နေ့လည်ကတည်းက ပြန်မလာသောကြောင့် တစ်အိမ်လုံးပွက်လောရိုက်နေလေပြီ။ဦးမြတ်ကိုကိုသော်တစ်ယောက်လည်းဟိုနေရာပြေးလိုက်ဒီနေရာပြေးလိုက်နဲ့ ရှာနေရင်းမိုးပါချုပ်နေလေပြီ။မနက်​​ဖြန် ဆိုရင်ပဲလက်ထပ်တော့မည့်သူ့အဖို့ သတို့သမီးလောင်းကပျောက်နေသည်ဆိုသောကြောင့်ရင်တွေပါဗ​ေလာင်ဆူနေရတော့သည်။အစကတည်းက သူမလေးကို မိဘတွေကြောင့် လက်ထပ်ခဲ့တာမဟုတ်၊ သူကိုယ်တိုင်ချစ်လို့ကို လက်ထပ်ဖို့အထိ ရည်ရွယ်ထားတာမို့ မတွေ့တွေ့အောင် လိုက်ရှာရမည်ပင်။  နစ်ကီကလည်း သူ့ညီမအကြောင်း သူသိသည်မို့ မစ်ကီသွားတတ်သည့်နေရာတွေ အကုန် လိုက်ရှာလေသည်။

"ဒယ်ဒီရေ...ဒယ်ဒီ ညီမလေးတို့ ရှိတဲ့နေရာကိုသိရပီ..." နစ်ကီ့အသံကြောင့် အားလုံးဝမ်းသာအားရဖြစ်ကာ အားလုံးအကြည့်က နစ်ကီ့ဆီရောက်သွားသည်။နစ်ကီထံသို့ သူငယ်ချင်းတစ်ယောက်မှဖုန်းဆက်လေသည်။အကြောင်းမှာ မစ်ကီ့ကား မြို့ပြင်ဘက်ကဂိုဒေါင်ဆီ မောင်းသွားတာကိုတွေ့သဖြင့်ဖုန်းလှမ်းဆက်သတိပေးခြင်းဖြစ်သည်။

"ကဲကဲ အ့ဆိုလဲ တို့လိုက်သွားကြရအောင်လေ..အချိန်ဆွဲမနေနဲ့..သားကြီး နစ်ကီနဲ့ မောင်မြတ်ကိုကိုသော်နဲ့က ကားတစ်စီးနဲ့ ရှေ့ကသွား..ဖေဖေကမေမေ့ကိုခေါ်ပီးနောက်ကလိုက်ခဲ့မယ်" ဦးထွန်းမြတ်အမိန့်အတိုင်း သူလဲ နစ်ကီနဲ့အတူပါလာခဲ့လေသည်။

ကံကြမ္မာက ဦးမြတ်ကိုကိုသော် ဘက်မှာရှိသည်ထင်၏။ နစ်ကီ ဆီမှ တစ်ဆင့် သူမလေးရှိနေသောတည်နေရာကိုသိခဲ့ရသည်။ အချိန်က ည ၈နာရီပင်ထိုးနေလေပြီ။

အချစ်စစ်တို့ရဲ့ခရီးလမ်းက ဘယ်တော့မှ မချောမွေ့ဘူးတဲ့..ချာတိတ်ရေ..စိတ်ချပါ.ကိုယ်တို့နှစ်ယောက်ကြားမှာရှိတဲ့.အဲ့ဒီမချောမွေ့တဲ့ လမ်းတွေအကုန်လုံးကို ကိုယ်က ပန်းခင်းလမ်း အဖြစ် ပြောင်းလဲပေးပြီးမှ မင်းကိုလျှောက်လှမ်းခိုင်းပါ့မယ်ကွယ်....ကိုယ့်ကိုယုံကြည်ပြီး ကိုယ့်လက်ကိုသာဆွဲပီး..ကိုယ်နဲ့အတူ ရဲရဲကြီးသာလိုက်ခဲ့ပါ...ကိုယ့်အတွက်တော့ ဘယ်လိုအန္တရယ်တွေပဲရှိလာပါစေ..မင်းသာအနားရှိမယ်ဆိုရင် ကိုယ်အရာအားလုံးကို ဖြတ်ကျော်ရင်ဆိုင်နိုင်ရဲပါတယ်...

Daddy's Barbie{Complete}Where stories live. Discover now