Part(1)zawgyi

12.3K 71 0
                                    

Daddy ရဲ့ barbie
အပိုင်း(၁)

ဂျိမ်းးးးးးဂျလိန်းးးးးးးဂျိမ်းးးးးးးးး(မိုးချုန်းသံ)

မိုးသားတိမ်လိပ်တွေ တစ်ရိပ်ရိပ် တက်လာပြီး တိမ်မဲတွေအဖြစ်ကနေ မိုးရေပေါက်တွေအ​ဖြစ်မြေ ​ပြင်ပေါ်ကျဆင်းလာတဲ့အခါတိုင်း....
ပိုးမီမီငယ်ဆိုတဲ့ကောင်မလေးရဲ့ရင်ထဲမှာလဲ ဖြေမဆည်နိုင်လောက်အောင် လှိုက်တက်ဝမ်းနည်းပူဆွေးမှုတွေ ရှိနေပီး ပါးပြင်ပေါ်သို့ စီးကျလာတဲ့မျက်ရည်တွေဟာလဲ မိုးရေစက်တွေနဲ့အပြိုင်
ထိမ်းချုပ်မှုမရှိ ဒလဟော စီးဆင်းနေဆဲ.........

"အခုလို မိုးတွေသည်းကြီးမည်းကြီး ရွာလာရင် မေမေ့ ကိုလွမ်းတဲ့စိတ်က ထိန်းချုပ်မရအောင်ကိုပါပဲ... မေမေရယ်..ဘာလို့ သမီးကို တစ်ယောက်တည်း ထားသွားခဲ့ရတာလဲဟင်....သမီးတစ်ယောက်တည်း မေမေမရှိတဲ့ဘဝမှာ ဘယ်လောက်ထိခက်ခဲနေခဲ့ရလဲ...မေမေသိရဲ့လား...အဟင့်...အဟင့်....အီး....ဟီးးးး"

ပိုးမီမီငယ်ဆိုတဲ့ကောင်မလေးဟာ ဝမ်းနည်းလွယ်တယ်..အငိုလွယ်တယ်..အစွဲအလမ်းကြီးတတ်တယ်..လူတစ်ယောက်ကို ချစ်မိသွားပြီဆိုလျှင် နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီး ချစ်ပြစ်လိုက်မိတတ်တာမျိုး....

မိုးရေတွေတစ်ကိုယ်လုံးစိုရွှဲနေတဲ့ ပိုးမီမီငယ်ဟာ သူမ ၁၀နှစ်သားအရွယ်ကတည်းက သူမအမေ ဆုံးပါးသွားပြီး အဖေကလည်း သူမအသက် ၁၃နှစ်အရွယ်မှာပဲ နောက်အိမ်ထောင်တစ်ခုကို ထူထောင်ခဲ့တာကြောင့် သူမအဖေ့အပေါ် နာကျည်းမုန်းတီးလျှက်ရှိနေခဲ့ပေသည်။သို့သော် သူမအဖေကတော့ သူမအပေါ် မိတစ်ဆိုးလေးမို့ဆိုပြီး အရာရာတိုင်းကို ခွင့်လွှတ်နားလည် သည်းခံပေးလျှက် ရှိသည်။သူမကလည်း ဒါကိုပဲ အခွင့်ကောင်းယူပြီး ရပ်ကွက်ထဲတွင် ဆိုးချင်သမျှဆိုး မိုက်ချင်သလောက်မိုက်နေခဲ့လေသည်။ တစ်ခါတစ်ခါ ရပ်ကွက်ထဲက ကလေးတွေနှင့်လည်း ရန်ဖြစ်ပြီး ပြန်လာတတ်သည်။ကလေးတွေရဲ့အမေတွေကလည်း အိမ်ထိအိမ်ရောက် လာလာတိုင်လေ့ရှိသည်။ထိုအခါတွေတိုင်း သူမ အဖေ ဦးထွန်းနိုင် က ကလေးအမေတွေ စိတ်ကျေနပ်သည်အထိ တောင်းပန်ရလေ့ရှိသည်။

မိမိငယ်ဟာတစ်ခြားသော အချိန်မျိုးတွေမှာ သူမအမေကို လွမ်းဆွတ်တမ်းတ ရုံသာရှိနေပေမယ့်
ယခုလို မိုးတွေသည်းထန်စွာရွာလာခဲ့ရင်တော့ လွမ်းဆွတ်တမ်းတရုံသာမက နှလုံးသားတွေ အသည်းတွေ ပေါက်ကွဲထွက်မတတ် ငိုနေတတ်တဲ့ အကျင့်မျိုးရှိသည်။ ဒါကလဲ သူမအမေ ဆုံးတဲ့နေ့ဟာ ယခုလို မိုးတွေသည်းထန်စွာ ရွာနေသောကြောင့်ပင်ဖြစ်သည်။ မိုးတွေဖြိုင်ဖြိုင်သည်းနေတဲ့ တစ်ခုသော ညနေခင်းလေးမှာ သူမအမေဟာ ရုတ်တစ်ရက် ကားအက်ဆီးဒင့်ကြောင့် သူမအရှေ့မှာပဲ သေဆုံးခဲ့ရတဲ့ အတိတ်ကပုံရိပ်တွေကို မျက်စိထဲပြန်ပြန်မြင်ယောင်လာသောကြောင့်ဖြစ်သည်။

Daddy's Barbie{Complete}Where stories live. Discover now