Part(4)Unicode&Zawgyi

13K 293 5
                                    

                Daddyရဲ့ Barbie
                      အပိုင်း(၄)

"တီ...တီ...တီ...."

"ဆရာရေ ဆရာ...ဆရာကတော်ရေ...ဒီမှာ...မစ်ကီနဲ့နစ်ကီတို့ပြန်လာကြပီ... "

အိမ်အောက်ထပ်မှ ဒေါ်လေးမေတစ်ယောက် ခြံထဲသို့ ဝင်လာသော ကားကိုကြည့်ကာ အော်ခေါ်နေတော့သည်။

"ဟော...သားနဲ့သမီးတို့ရောက်လာကြပီလား..ဖေဖေတောင်စိတ်ပူပီးဖုန်းဆက်တော့မလို့..ကားဟွန်းသံကြားလိုက်တာနဲ့မဆက်တော့တာ..."

"ဟုတ်..ဒယ်ဒီ..​ေလ ဆိပ်ကအထွက် စ္စည်းလေးဝင်ဝယ်နေလို့ နောက်ကျနေတာ" ဦးထွန်းနိုင်အမေးကို နစ်ကီမှဝင်ဖြေလိုက်လေသည်။

နစ်ကီနဲ့မစ်ကီက ဒေါ်ခင်သက်ဆွေရဲ့ အရင်ယောကျ်ားက ပါတဲ့ သားနဲ့သမီးပါ။ နစ်ကီနဲ့မစ်ကီက အမွှာတွေဆိုပေမယ့် အကျင့်စရိုက်ကတော့ တစ်ယောက်နဲ့တစ်ယောာက်မတူကြ ။နစ်ကီနဲ့မစ်ကီက ပိုးမီမီငယ်ထက်၃နှစ်ကြီးကြလေသည်။ ဒေါ်ခင်သက်ဆွေ က သူ့သားနဲ့သမီးကို စင်ကာပူမှာပဲကျောင်းထားပေးသည်။ သူ့အရင်ယောကျ်ားရဲ့ ဆွေမျိုးတွေက စင်ကာပူကဆိုတော့ သူတို့ကပဲ ကလေးတွေကိုအစစအရာ ရာ ဂရုစိုက်ပေးထားသည်။

"မေမေရေ..မေမေ သမီးကမေမေ့ကိုအရမ်းလွမ်းနေတာ..မေမေရဲ့"
မစ်ကီက ဒေါ်ခင်သက်ဆွေနား အပြေးသွားကာချွဲနေလေသည်။ ဦးထွန်းနိုင်နှင့်လက်ထပ်သည်ကိုမစ်ကီကသဘောမကျ၊ နစ်ကီကတော့ လူကလည်းအေး..အမေကိုနားလည်ပေးတဲ့သူဖြစ်တာကြောင့်ဘာမှမပြောပေ။ ဦးထွန်းနိုင်အပေါ်လဲ ကောင်းကောင်းမွန်မွန် အလိုက်အလျောက် ဆက်ဆံသည်။မစ်ကီကတော့ အငယ်မို့ သူ့အကိုလိုမဟုတ်၊ နဲနဲဆိုးချင်သည်။မစ်ကီကတော့ ဦးထွန်းနိုင်တို့သားအဖကိုမကျေနပ်ချေ။ပိုးမီမီငယ်ကိုလည်း လူကြီးတွေလစ်ရင်လစ်သလို အနိုင်ကျင့်တတ်သေးသည်။နစ်ကီကတော့ မီးငယ်အပေါ် ညီမလေးတစ်ယောက်လိုဂရုစိုက်စောင့်ရှောက်ပေးရှာသည်။

"သားနဲ့သမီးရေ... အပေါ်ထပ်မှာ ရေမိုးချိုး..အဝတ်အစားသွားလဲ..ခန နားပီး အောက်ဆင်းခဲ့ကြနော်...မာမီတို့ထမင်းစားဝိုင်းမှာစောင့်နေမယ်....သားနဲ့သမီးကို ပြောစရာလဲရှိသေးတယ်..."

Daddy's Barbie{Complete}Where stories live. Discover now