Part(16)Unicode&Zawgyi

9.6K 209 5
                                    

                Daddy's barbie
                   အပိုင်း(၁၆)

"ဦး...အရမ်းနာနေလားဟင်..."

"မနာပါဘူး..ကလေးရဲ့...ဒီလောက်ကတော့ အေးဆေးပါကွာ..."

"ဦးသာလေ တစ်ခုခုဖြစ်သွားရင်..ဟင့်... မီးငယ် ရင်ကျိုးရမှာ..."

"အခု ဦးဘာမှ မဖြစ်တော့ဘူးလေ ကလေးရဲ့..ဘာမှစိတ်မကောင်းမဖြစ်နဲ့တော့နော်..."

ငိုနေတဲ့ ကောင်မလေး ကို နှဖူးလေး ဖွဖွနမ်းကာ သူ့ရင်ခွင်ထဲ ထည့်ထားလိုက်တော့သည်။

"ဦး...ဦးကို မီးငယ်..အရမ်းချစ်တယ်..."

"ဦးလည်း အရမ်းချစ်တယ်..."

"တရားရုံးမှာ အမှုဖွင့်ထားတဲ့ ကိစ္စက အဆင်ပြေပါ့မလား..ဦး..မီးငယ်တို့ ဒီတိုင်းအမှုမဖွင့်ဘဲ နေရအောင်လေ..."

"ဘာလဲ...မီးငယ်က ဦးအဖေ့ရဲ့ ပညာကို မယုံလို့လားး..."

"...ဟို..အ့လို ပြောတာ မဟုတ်ပါဘူး ဦးရယ်...မီးငယ် ဦးအဖေကို ယုံပါတယ်...အခုဟာက မီးငယ့်အသံဖိုင်က နစ်ကီ့ဆီမှာရှိနေတယ်လေ..."

"မီးငယ်ရယ်..အဲ့ဒါတွေ ဘာမှစိတ်မပူပါနဲ့ကွာ...အကုန် ဦးတာဝန်ထားလိုက်...ဦးကိုသာယုံကြည်လိုက် ဟုတ်ပြီလား.."

"ဟုတ်..ဦး..."

သူတို့နှစ်ယောက် အခန်းထဲမှာ တစ်ယောက်နဲ့တစ်ယောက် တင်းကြပ်စွာဖက်ထားနေစဥ် ရုတ်တရက် ဝင်လာတဲ့ ဦးအောင်မြတ်ကြောင့် မီးငယ်ရော ဦးပါ အနည်းငယ်ရှက်သွားရသည်။

"သား...သက်သာရဲ့လား..."
"ဟုတ် ဖေဖေ သက်သာပါတယ်..."
"သားနဲ့ ဖေဖေ အေးဆေး ဆွေးနွေးစရာရှိလို့ လာခဲ့တာ.."

ဦးအောင်မြတ်စကားကြောင့် သူမလည်း အလိုက်တသိပင် အခန်းအပြင် ထွက်ပေးပါသည်။ ဦးက နစ်ကီ့ ကို ဇနီးသည်ကို ပြန်ပေးဆွဲမှုနဲ့ တရားစွဲထားသည်။ နစ်ကီကလဲ ဦးကိုအသက်မပြည့်တဲ့သူကို သွေးဆောင်ဖျားယောင်းလက်ထပ် မှုနဲ့ ပြန်တရားစွဲထားသည်။ရုံးချိန်းက နောက်၁ပတ်အကြာတွင်ဖြစ်သည်။ဒီကိစ္စအတွက် ရှေ့နေ ဖြစ်သူ သူမ ယောက်ခမ ဦးအောင်မြတ်က တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်သည်။

Daddy's Barbie{Complete}Where stories live. Discover now