Part(17)Unicode&Zawgyi

9.3K 219 4
                                    

                     Daddy's barbie
                        အပိုင်း(၁၇)

ဒီနေ့က သွန်းဆီမှ အဖြေ ပြန်ပေးမည့်နေ့ဖြစ်သည်။ မနက်မိုးလင်းကတည်းက ထုဋ်ခေါင်တစ်ယောက် နေမထိ ထိုင်မသာ ဖြစ်နေသည်။သူမနှင့်ချိန်းဆိုထားသည့် ကော်ဖီဆိုင်သို့ သူစောစီးစွာပဲ ထွက်ခဲ့တော့သည်။

"အကိုထုဋ်ခေါင်..ရောက်နေတာကြာပီလားဟင်"

အသံလာရာကို မော့ကြည့်တော့ ပန်းနုရောင်ဂါဝန် ဒူးဖုံးလေးနှင့် ကလေးတစ်ယောက်လို ချစ်စရာကောင်းနေပါသော သွန်းဖြစ်နေသည်။

"မကြာသေးပါဘူး..သွန်းရဲ့..လာထိုင်လေ...သွန်းဘာသောက်မလဲ ကိုယ်မှာလိုက်မယ်လေ"

"အအေးပဲ သောက်တော့မယ် အကို..."

"အင်းအင်း ဟုတ်ပီ"

သူလည်း waiterလေးကို အအေးတစ်ခွက်နှင့် ကိတ်မုန့်အချို့ လှမ်းမှာလိုက်လေသည်။ခုနက ဆိုင်ထဲကို သွန်းဝင်လာကတည်းက တစ်ဖက်ဝိုင်းက ကောင်တွေက သွန်းကို လှမ်းကြည့်နေတာကို သူမြင်လိုက်ပါသည်။ သူမကို ဘယ်ကောင်ကမှ မျက်လုံးနဲ့စေ့စေ့ကြည့်တာပင် သူမခံနိုင်ပါ။

"သွန်း...ကိုယ်လေ သွန်းကို တကယ်ချစ်တာပါ..အကို့အချစ်ကိုယုံပေးပါနော်..."

သူမ လက်ကလေးကို ဖွဖွ ဆုပ်ကိုင်လာကာ ပြောတော့ သူမက ရှက်နေသည်။ ပါးနှစ်ဖက်မှာလည်း ပန်းသွေးရောင်လေးဖြာလို့ပေါ့။သူ့ကို စေ့စေ့ပြန်မကြည့်ရဲ မခို့တရို့နဲ့ ခေါင်းလေးငုံ့နေရှာသည်။ သူတို့နှစ်ယောက်အခြေနေကို အကဲခတ်နေတဲ့ ဟိုဘက်ဝိုင်းက ကောင်တွေကတော့ သူတို့ကို မျက်နှာလွှဲသွား​​ပြီ။

"သွန်းသာ ဆန္ဒရှိမယ်ဆိုရင် သွန်းတစ်ဘဝစာလုံးကိုပါ အကိုတာဝန်ယူပါ့မယ်...အကို့အချစ်ကို လက်ခံပေးပါနော်...သွန်း..."

"ဟုတ်..ဟုတ်..သွန်းလက်ခံပါတယ် အကို...သွန်းဆီမှာလည်း..အကို့ကို အကိုတစ်ယောက်ထက်ပိုတဲ့ခံစားချက်တွေ ရှိနေပါတယ်..."

"ဝမ်းသာလိုက်တာ... သွန်းရယ်..."

သူ သူမလက်ကလေးကို ခပ်ဖွဖွလေးနမ်းလိုက်လေသည်။ နှစ်ယောက်စလုံးရဲ့ ရင်ထဲမှာတော့ ပြောမပြနိုင်လောက်အောင်ကိ​ု ပျော်ရွှင်မှုတွေအပြည့်နှင့် ။

Daddy's Barbie{Complete}Where stories live. Discover now