Part(13)Unicode&Zawgyi

9.1K 223 4
                                    

                Daddy's barbie
                   အပိုင်း(၁၃)

မိုးတွေ ဖြိုင်ဖြိုင်ရွာသွန်းခဲ့သည့် လတွေကို ကျော်လွန်ခဲ့ပြီးတဲ့နောက်မှာတော့ နှင်း​မြူတွေတစ်ဖွဲဖွဲကျကာ အအေးဓာတ်တို့ ကြီးစိုးလာသည့် ဒီဇင်ဘာလ ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာလေပြီ။ တက္ကသိုလ် ဝင်တန်းအောင်မြင်ပြီးတဲ့ ကျောင်းသူကျောင်းသားလေးတွေအတွက် ဘဝရဲ့ နောက်ထပ်ခရီးတစ်ခုဖြစ်တဲ့ တက္ကသိုလ် ဆိုသည့် အရာကို စစချင်း နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ ရသည့် အချိန် ပင်ဖြစ်ပေသည်။

မီးငယ်တို့ ပြည့်ပြည့်တို့လည်း ထိုအထဲတွင် အပါအဝင်ဖြစ်လေသည်။ဦးက သူမတို့ကို အစစအရာရာ အကုန်လိုက်ပီးလိုလေးသေးမရှိ စီစဥ်ပေးထားပါသည်။ သူမတို့ တက်ရမည့် တက္ကသိုလ် တည်ရှိရာမြို့ ​တွင်ပင် အမျိုးသမီးဘော်ဒါဆောင်လေး ငှားပေးသည်။စားရေးသောက်ရေးအတွက်လည်း ဘာမှ အပူအပင်မရှိအောင် လုပ်ကိုင်ဆောင်ရွက်ပေးသည်။ ပြည့်ပြည့်အိမ်က ဒီကျောင်းတက်တာ သဘောမကျပေမယ့်လို့ ခုလို အစစအရာရာ ဆောင်ရွက်ပေးတော့လည်း မငြင်းရှာပေ။သူမတို့နှစ်ယောက်က ကျောင်းတက်ပီး စာကြိုးစားရသည့်အလုပ်ပင်ရှိလေသည်။

မမေရီရဲ့မောင် ထုဋ်ခေါင်ကလည်း ဒီမြို့မှာပဲ E majorတက်နေသည်မို့ ဦးက သူမတို့ကို စောင့်ရှောက်ပေးဖို့ ထုဋ်ခေါင်ဆီ အကူအညီတောင်းထားလေသည်။ သေချာသည်က ထုဋ်ခေါင်ကြောင့် မီးငယ် မဟုတ်တာ ဘာဆိုဘာမှ လုပ်လို့မရ။သောကြာနေ့ညနေဆိုလျှင်တော့ ဦးရှိရာသို့ ပြန်ရပီး တနင်္ဂနွေနေ့ ညနေရောက်လျှင်တော့ ဦးကိုယ်တိုင် အဆောင်ပြန်ပို့ပေးပါသည်။မိတ္ထီလာနှင့် နေပြည်တော် ၄နာရီလောက်သာ မောင်းရသည်။ ထုဋ်ခေါင်ကို သူ့အိမ်က ကားတစ်စီး ဝယ်ပေးထားသည်မို့ သူတို့အဖို့ အပြန်အသွား အဆင်ပြေသည်ဟုဆိုရမည်။

ကျောင်းမှာ စာသင်နေတုန်း ဖုန်းဝင်လာတော့ ကိုကိုနစ်ကီ့ ဆီကဖုန်း ဖြစ်နေသည်မို့ ဆရာမကို
ခွင့်တောင်းတာ အခန်းပြင်ထွက် ဖုန်းပြောရသည်။

"မီးငယ်...ဒီတစ်ခါ စနေ တနင်္ဂနွေပိတ်ရက် ကျောင်းက ပြန်လာရင် ကိုကို နဲ့လျှောက်လည်ရအောင်လေ...ကိုကိုလဲ စင်ကာပူမပြန်ခင် မီးငယ်နဲ့ အေးဆေး စကားပြောချင်လို့ပါ...မီးငယ်ဖေဖေဆုံးပီးကတည်းက ကိုကိုတို့မောင်နှမ စကား ကောင်းကောင်းမပြောဖစ်သေးဘူးနော်..."

Daddy's Barbie{Complete}Where stories live. Discover now