Part(20)Unicode&Zawgyi

10.9K 195 0
                                    

             Daddy's barbie
                အပိုင်း(၂၀)

ဒီနေ့က သောကြာနေ့... ဦးကိုယ်တိုင်လာခေါ်မယ်ဆိုလို့ သူမ တစ်ယောက်တည်း အဆောင်ရှေ့မှာရပ်စောင့်နေခဲ့ရသည်။ဒီနေ့ အတန်းပီးတာက ၃နာရီလောက်ကတည်းက။ထုဋ်ခေါင်နဲ့ပြည့်ပြည့်တ်ု့ကလည်း ၄နာရီလောက်ကတည်းက ပြန်သွားကြလေပြီ။ ခါတိုင်းဆို အကိုထုဋ်ခေါင်ကားနဲ့ပြန်နေကျပေမယ့် ဒီနေ့ ဦးက သူကိုယ်တိုင် လာခေါ်မှာ စောင့်နေဆိုလို့ စောင့်နေရတာပင်။၅နာရီထိုးတဲ့အထိ ဦးက ပေါ်မလာသေး။သူမ ဦးကို မျှော်နေတုန်းမှာပင် သူမရှေ့ ကို ကားတစ်စီးဆိုက်ရောက်လာသည်။

"ဒီမှာ..ကောင်မလေး..မင်းက ဒေါက်တာ ဦးမြတ်ကိုကိုသော်ရဲ့ ဇနီးလား..."

"ဟုတ်..ဟုတ်ပါတယ်.အကိုတို့က..ဦးကိုသိလို့လား.."

"အင်း..သိတယ်လေ..ဆရာက လွှတ်လိုက်တာပဲ..သူကလာမကြိုနိုင်တော့လို့ အကိုတို့ကို လာကြိုခိုင်းလိုက်တာ..."

"ရှင်..ဟုတ်ပါ့မလား...ဦးက သေချာပေါက် သူ့ကို စောင့်နေဖို့ပြောခဲ့တာကို..."

"အော်..ဟုတ်ပါတယ် ကလေးမရယ်..မယုံရင် ဖုန်းခေါ်ကြည့်ပါ့လား..."

သူမ ဖုန်းကိုထုတ်ကာ ဆက်လိုက်တော့ ဦးဖုန်းက ဆက်သွယ်မှုဧရိယာပြင်ပရောက်နေသည်။ဦးကအလုပ်ကိစ္စရှိလို့ တခြားတစ်နေရာ ရောက်နေလို့သူတို့ကိုလွှတ်လိုက်တာထင်ပါရဲ့။ ဒီလူတွေ လိမ်နေတာတော့မဟုတ်လောက်ဘူး။ သူတို့လိမ်နေတာဆိုရင် ဦးဆီ ဖုန်းဆက်ဖို့ ပြောပါ့မလား။ ဒါဆိုရင် ဦးလွှတ်လိုက်တာ သေချာလောက်ပါတယ်။ ဖုန်းcallများစွာ ခေါ်ပီးသည့်နောက်မှာတော့ သူမလည်း ကိုယ့်အတွေ့နဲ့ကိုယ် ကောက်ချက်ချကာ ကားပေါ်တက်လိုက်ခဲ့တော့သည်။

ဒီအဖြစ်အပျက်တွေကိ​ု မောင်မိုးတစ်ယောက်ကတော့ အစအဆုံး မြင်နေခဲ့ရသည်။မီးငယ်ဘေးနားကို မသင်္ကာ စရာ ကားတစ်စီး ဆိုက်ရောက်လာကတည်းက သူ ဆရာမြတ်ဆီကို ဖုန်းခေါ်နေခဲ့တာ။ ဖုန်းက ဘယ်လိုမှ ခေါ်မရ။ မီးငယ်ကလည်း ကားပေါ်လိုက်သွားဖို့ဟန်ပြင်နေပီဖြစ်ပီး သူ့အတွေးတို့မဆုံးခင်မှာပင် ကားပေါ်တက်လိုက်သွားလေတော့ သူလည်း ထိုကားနောက်က မျက်ခြည်မပြတ် လိုက်လာခဲ့ရသည်။

Daddy's Barbie{Complete}Where stories live. Discover now