အပိုင်း(၁.၁)

1.9K 77 0
                                    

မိုးတွေသည်းလို့ မုန်တိုင်း၀င်ထားပါတယ်ဆို စောက်ကမြင်းကြောထကာ ခြံခုန်တဲ့ ရည်းစားကို ချောင်းချင်ပါတယ်ဆိုတဲ့ စောင်သူငယ်ချင်းမကြီးကို လူလူ တစ်ယောက် ပြောဆိုမရပါဘဲညတွင်းချင်း လိုက်ရှာရသည်။

အဲ့ ကောင်းစားမဲ့ စောင်သူငယ်ချင်းမကြီးက ဖုန်းဆက်ကတည်းက အာလေးလျှာလေးငမူးသံနဲ့မို့ လူလူ စိတ်လေသွားသည်။စောက်ကျိူးနဲတွေဖြစ်ကုန်မှာဖြင့် !အရည်၀င်လာရင်တစ်စက်မှမကောင်းတာမို့ လူလူ  မိုးရွာလို့ အိမ်ထဲသွတ်ထားတဲ့ scoopy လေးကိုပြန်ထုတ်ပြီး အရက်မူးသမားရှိရာပြေးရတော့သည်။

ဆိုင်ကယ်ကို အရှိန်နဲ့မောင်းလိုက်ပြန်လျှော့လိုက်လုပ်နေရသည်။ဟိုငမူးမ ဘာမှမဖြစ်သေးဘဲ ကိုယ်တိုင်က ဆိုင်ကယ်မှောက်ပြီး သေနေမှ ဘုမသိဘာမသိနဲ့ လမ်းကြားထဲက တစ္စေဆိုပြီး နာမယ်ကြီးသွားဦးမယ် ။လမ်းတစ်လျှောက်လုံးက မီး ပျက်နေတာမို့ ဆိုင်ကယ်ရဲ့ မီးနဲ့ပဲ မောင်းသွားနေရသည်။မိုးကလည်း ရက်ဆက် ရွာထားတဲ့အပြင် အခုကို ဖိုးဖိုးဖောက်ဖောက်ကျနေသေးသည်။တဖြည်းဖြည်းချင်းသည်း လာမဲ့ ဟန်ရှိသည်။
နဲနဲ ချမ်းတု န်လာတာမို့ မိုးကာကို တင်းတင်းဆွဲကိုင်ပြီး အသားကုန်အရှိန်မြှင့်လိုက်သည်။

လမ်းကွေ့မရောက်ခင် သူ့‌ ရှေ့ ဘယ်‌ကနေမှန်းမသိပစ်ချလိုက်တဲ့ မိုးကြိုးသံကို ကြားလိုက်ရသည်။ သူဆိုင်ကယ်ကို ရပ်ဖို့ ပြင်လိုက်ပေမဲ့ သူ့ရဲ့လက်က စိုနေတဲ့ အတွက်ကြောင့်  အရှိန်မထိန်းနိုင်ဘဲ မိုးကြိုးပစ်လို့ လဲကြတော့မဲ့ ရာသက်ပန်ညောင်ပင်အိုကြီးရဲ့အောက် ကားကားလေးပစ်၀င်သွားသည်။မိုးကာပေါ်က ဦးထုပ်က ထပ်‌မဆောင်းခဲ့တာကြောင့်ရော ညောင်ပင်ရဲ့ ပင်စည်လုံးတုပ်ကကြီးတာရောကြောင့် သူ အပင်အောက်မှာ ပြားပြားလေး ၀ပ်ကာ သူ့ဆိုင်ကယ်လေးက လည်း သူ့အတိုင်း ပြားပြားလေးဖြစ်နေသည် ။

နောက်ဆုံး သူမျက်စိတ်မမှိတ်ခင် သတိရမိတာက ဒီညောင်ပင်ကြီးကို မျက်စိ ပဒါသရှိလိုက်တာလို့ ပြောခဲ့တဲ့ သူ့ရဲ့စောက်ပါးစပ်ကြီးကို အပြစ်တင်လိုက်သည်။နောက်တော့ ကောင်းကျိုးမပေးတဲ့ နှစ်တရာ ဘဲ ပစ်မကိုလဲ စိတ်ထဲကနေဆုတောင်းပေးလိုက်ပါတယ်။သေတဲ့ အထိကောင်းကျိုးမပေးတဲ့ စောင် ဘီအက်ဖ်အက်ဖ်!!

ဇာတ်လမ်းက မှန်ရဲ့လား?!Where stories live. Discover now