{၁}{Zawgyi}

394 16 0
                                    

လူလူ အပြာရောင် မြူမှုန်တွေကြား လွင့်မျောနေရာကနေ တဖြည်းဖြည်း အလင်းရောင်ခြည်တခုက သူ့ကို ထိုးဖောက် ၀င်ရောက်လာသည်။သူ အဲ့အလင်းရောင်ကို မခံနိုင်တာကြောင့် မျက်စိကို လက်နဲ့ကာလိုက်ကာ မှိတ်လိုက်သည်။သူ အချိန်အတော်ကြာမှ ပြန်ဖွင့်မိတော့ သူ ပြာလဲ့လဲ့ မျက်နာကျက်ကို မြင်လိုက်ရသည်။မျက်တောင်တို့ကို နှစ်ခါ သုံး‌ခါလောက်ပုတ်ခတ်လိုက်ပြီး သူ့ခေါင်းကိုစောင်းကာ ဘေးဘီကိုဝဲကြည့်လိုက်သည်။အခန်းထဲမှာ သူကလွဲရင် ဘယ်သူမှမရှိပေ။ဆေးရုံရောက်နေတာလဲမဖြစ်နိုင်ဘူး။အခန်းက ဆေးခန်းနဲ့မတူပေ။
သူ့ခေါင်းကိုစမ်းကြည့်တော့ ခေါင်းမှာလဲ ပတ်တီး မရှိပေ။သူ့ရဲ့ခြေထောက်တွေကိုလှုပ်ကြည့်တော့လည်း အကောင်းအတိုင်းဖြစ်နေတာမို့ လူလူ နဲနဲ စိတ်ရှုပ်သွားသည်။အနဲဆုံးတော့ သူ့ခြေထောက်က ကျိုးနေရမှာလေ။ဧရာမ‌ ညောင်ပင်ကြီး ဖိခံရတာ ကို သူအကောင်းတိုင်းဖြစ်နေသည်မို့ သူစိတ်သက်သာရာရကာ မိုးနတ်မင်းကို ကျိန်ဆဲမိတာကို သူချေဖျက်တဲ့အနေနဲ့

"မိုးနတ်မင်းကြီး ဘုန်းကြီးပါစေ.....အဟမ်း....အဟမ်း...!"

လူလူ သူ့အသံက သူ့အသံမဟုတ်တော့သလို တခုခုကိုပြဲလန်နေအောင်အော်ငိုထားသလို အက်ကွဲနေသည်။နောက် လူလူ ရုတ်တရက် ထထိုင်လိုက်တော့ ခေါင်းက မိုက်ကနဲ ဖြစ်ကာ မူးဝေပြီး အန်ချင်လာသလိုမျိုးဖြစ်လာသည်။

ချီး!!ကိုယ်ဝန်ဆောင်သည် ကြီး ကျလို့!ခံစားချက်က!နေပါဦး ငါက ကိုယ်ဝန်ဆောင်ဖူးလို့လား?!

သစ်လူသွေး အတွေးများစွာနဲ့ ယောက်ယက်ခတ်ကာ အိပ်ယာပေါ်ငုတ်တုတ်လေး။သူတခုခုကို အောင့်ထားတာမို့ သူ့မျက်နာကလည်း ဖြူလျော့ကာ အားပြတ်တော့မဲ့ပုံစံဖြစ်နေသည်။သူမနေနိုင်တော့ပဲ အခန်း ကို ဝေ့ဝိုက်ကြည့်ပြီး သူတွေးလိုက်မိလိုက်သည်။ သူအဲ့နေ့ည အက်စီးဒန့်ဖြစ်သွားတုန်း တစ်ယောက်ယောက် ကယ်တင်ခဲ့တာ ပဲဖြစ်ရမယ် ။ဟို ဘဲပစ်မကို လဲ တွေ့မှကောင်းကောင်းလေး ဆဲပစ်ရမယ် ။ဘာပဲဖြစ်ဖြစ် သူ့ကို ကယ်ထားတဲ့ ဘယ်သူ့ကို မဆို သူကျေးဇူးပြန်ဆပ်မှာပါ။

သူအခန်းထဲက ထွက်ပြီး သန့်စင်ခန်း ဖက် ၀င်ကာ သူ့ဗိုက်ထဲက သူ့ကိုဒုက္ခပေးနေတဲ့ အရည်တွေကို အန်ချလိုက်သည်။သူ ခဏလောက် လက်ထောက်နားလိုက်ပြီး မကြာပေထပ်အန်ချင်လာပြန်သည်။သုံးလေးခါလောက်အန်လိုက်ကာမှ သက်သာသွားသလို လူကလဲ နုံးချိသွားသည်။
နောက်တော့ ဘေစင်ဖက်ကို လာကာ သူ့ရဲ့မျက်နာ၊လည်ပင်းတို့ကိုရေနဲ့ ဆေးကြောကာလန်းဆန်းအောင်လုပ်လိုက်သည်။ ဒါပေမဲ့ သူ့မျက်နာကိုမော့ကာမှန်ရှေ့ကြည့်လိုက်တဲ့အချိန်မှာတော့ သူစိမ်းတစ်ယောက်ရဲ့မျက်နာကိုတွေ့လိုက်ရသည်။ရင်းနှီးသလိုလို နဲ့ စိမ်းနေတဲ့မျက်နာပင်။လူလူ ရေစက်တို့ တွဲလွဲ ခိုကာ သီကျနေတဲ့မျက်နာကိုကြည့်ရင်း ခေါင်းတွေချာချာလည်သွားသည်။

ဇာတ်လမ်းက မှန်ရဲ့လား?!Where stories live. Discover now