{၇}{Zawgyi}

200 9 1
                                    

အချိန်တို့က တဖြည်းဖြည်း နီးကပ်လာလေ နှလုံးခုန်သံတို့ပေါက်ထွက်တော့မလို ပါပဲ လျင်မြန်နေလေပြီ။ သူ မက်ဆေ့ဂ်ျ ထဲကအတိုင်း အဲ့နေရာစီကို သွားရမလား ။တကယ်လို့ သွားခဲ့လို့ ၀တ္ထုထဲက အတိုင်း ပဲဖြစ်လာပြီး မမြင်ချင်တဲ့အရာကို မြင်ခဲ့ရရင် ကော။ဘာပဲဖြစ်ဖြစ် ငါအခုဒါကို ကြိုသိနေမှာတော့ ကြိုသွားလိုက်တာမကောင်းဘူးလား။လက်ထဲက နာရီကိုငုံ့ကြည့်မိတော့ ၈နာရီစွန်းစွန်းပင်ဖြစ်လုပြီ။နဖူးပေါ်ချွေးစေးတို့ကို လက်ခုံနဲ့သုတ်လိုက်သည်။ဘာတွေဖြစ်လာမလဲ ကြိုမသိမှတော့ ကိုယ်ကပဲဦးအောင်စပြီး ဇာတ်လမ်းဆင်ရတော့မှာပဲ။

ဟိုတယ် ၀န်ထမ်းတချို့ရဲ့အကူအညီနဲ့ အခန်းနပါတ်၁၁က သုံးထပ်မြောက် မှာဖြစ်သည်ဆိုတာကိုသိလိုက်ရတယ်။ဓာတ်လှေကားစီးပြီး ကော်ရစ်တာ စ င်္ကြံ ကနေ တောက်လျှောက် လျှောက်လာခဲ့ပြီးတဲ့နောက် အခန်းနံပါတ်၁၁ဆိုတဲ့ တံခါးရှေ့ရောက်တာနဲ့စိတ်အစဉ်တို့ထပ်ပြီးလှုပ်ရှားရလာပြန်သည်။

"ချီးပဲ !!"

passcode ဖြေပြီး တာနဲ့ ပွင့်လာတဲ့တံခါး။ မြင်လိုက်ရတဲ့ မြင်ကွင်းက ‌အတော်ကို လှပနေခဲ့ပါသည်။တစ်ခန်း လုံး ပန်းရောင် အကာအရံတွေနဲ့ အချစ်ရဲ့ ရနံ့တို့နဲ့ပြည့်နက်နေသည်။ ဒါပေမဲ့ နဲနဲ ချို အီလွန်းနေသည် ။ဘာအနံ့လဲ?milk?

တဖြည်းဖြည်း အနံ့တို့ရဲ့ ဦးတည်ရာကို သွားမိတော့ အိပ်ခန်းထဲကဖြစ်နေသည်။အနံ့တို့က မွှေး အီထုံသင်းနေသည်။တော်သေး သူအခန်းအ၀င်တံခါးပြန်ပိတ်ခဲ့ပေလို့သာ။နို့မို့ဆို မတွေးဝံ့စရာတွေဖြစ်ကုန်မှာပင်။
ဒီမှာ တစ်ယောက်ယောက်heat၀င်နေတဲ့‌အနေအထားမှာရှိနေတယ်။

ဟိုကောင်မလေး က ငါ့ကို ဘာလို့ ဒီအခန်းကို လာခိုင်းတာလဲ?အခန်းမှားတာလား?
သူကဒီheat၀င်တဲ့သူရှိနေတဲ့အခန်းကိုဘာလို့လာခိုင်းရတာလဲ?

အိပ်ခန်း တံခါးကို ဖွင့်ကြည့်လိုက်တော့ မြင်ရတဲ့မြင်ကွင်းကြောင့် လူလူ ပါးစပ်အဟောင်းသား။heat..၀င်နေတာက ဟို..အလှလေး!!!!!

အိုးမိုင်ဂေါ့!!

ဟိုကောင်မလေး ဘာဖြစ်ချင်နေတာလဲ ?ဒီနေရာမှာ ငါမဟုတ်ပဲတခြားalphaတစ်ယောက်ယောက် သာဆိုရင် ဟိုကောင်လေးဘ၀ဆုပ်ပြတ်သပ်သွားမှာကိုမသိဘူးလား?!

You've reached the end of published parts.

⏰ Last updated: Nov 11, 2022 ⏰

Add this story to your Library to get notified about new parts!

ဇာတ်လမ်းက မှန်ရဲ့လား?!Where stories live. Discover now