{၂}{Unicode}

504 72 2
                                    

လူလူ အိမ်မက်တို့ယောက်ယက်ခတ်စွာ မက်နေခဲ့သည်။သူရဲ့ ငယ်ဘ၀၊သူ အထက်တန်းတက်တဲ့ အချိန်၊နောက် သူဘွဲ့ယူတော့ မိသားစုနဲ့ ဓာတ်ပုံအတူရိုက်ခဲ့တာတွေ အကုန် ပြန်မြင်ယောင်ကာမက်နေခဲ့မိသည်။နောက်ဆုံးတော့ သူ့ရဲ့အိမ်မက်က ပန်းခင်းတွေရဲ့အလယ် မှာ ချောက်ချနေခဲ့ပြီး သူနဲ့အတူ လူတစ်ယောက် ပါ ဘေးကနေပါလာသည်။လူလူ က ထိုလူရဲ့လက်ကို ကိုင်ထားသလို ထိုလူ ကလည်း လူလူ့ရဲ့ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သည်။
ထိုလူ့ရဲ့ မျက်နှာအသွင်ကို လူလူ ကြည့်ချင်တာကြောင့် ဘေးကို လှည့်လိုက်ပေမဲ့ သူ့ရဲ့မျက်နှာ တစ်ဝိုက်နားက မြူခိုးမှုန်တွေ ဖုံးကွယ်ထားသလို ဖြစ်နေကာ သေချာမမြင်ရပေ။

နောက်တော့ လူလူ တနေရာက နာကျင်မှုကြောင့် နိုးလာခဲ့သည်။ သူခန္ဒာကိုယ်က တုန်ရီနေပြီး ပါးစပ်ကလည်း ရေဆာသလို ခြောက်သွေ့ကာ မောဟိုက်နေသည်။
နောက် သူ့ရဲ့ နောက်ဘက်တစ်နေရာက ပြင်းပြင်းထန်ထန်ကိုယားယံလာပြီး သူ့ရဲ့ရှေ့က ညီလေးကလည်း ထောင်မတ်လာသည်။
လူလူ မခံမရပ်နိုင်စွာနဲ့ နှုတ်ခမ်းတို့ကို ဖိကိုက်ထားကာ ကိုယ်ကိုလည်း ကွေးသထက် ကွေးထားလိုက်သည်။

အရွယ်ရောက်နေတဲ့ လူလူ အဖို့ ဒါဘာဖြစ်တာလဲဆိုတာ သေချာမခန့်မှန်းမိပေမဲ့ သူ ဒါ တခုခု ကို လိုချင်တောင့်တနေမိတာဆိုတာကို ချက်ချင်းသိလိုက်ပါသည်။ဒါပေမဲ့ ဘာလို့ သူက အဲ့လို ရုတ်တရက်ကြီး ထန်လာရတာလဲ?

နောက်ပြီး...လူလူ အရင်က အာသာဖြေခဲ့ဖူးပါတယ်။ဒါပေမဲ့ အခုခံစားချက်က အဲ့တုန်းကနဲ့မတူပေ။
လူလူ အတော်လေး မထိန်းချုပ်နိုင်စွာနဲ့ အိပ်ယာထက်မှာ ကိုယ်ကို တတ်နိုင်သမျှကျုံ့ပြီး ခြေချောင်းတို့ကို ကုပ်ထားကာ ငြီးငြူ နေမိသည်။

"အင်း.....ဟင်း."

ဘုန်းအလင်္ကာရှိန် ပြန်လာတော့ အိမ်၀ပဲရှိသေး သူ့ရဲ့ နှာခေါင်းထဲ ၀င်ရောက်လာတဲ့ မက်မွန်သီးရနံ့ချိုချိုလေးကာ အားကောင်းစွာနဲ့ သင့်ပျံ့စွာ တိုး၀င်လာနေသည်။
သူလည်း နက်ကတိုင်ကိုဖြေလျော့ရင်း လက်ဆွဲအိတ်ကို ဆိုဖာပေါ် ပစ်တင်ကာ ရနံ့ တို့ လွင့်ပျံရာ ‌အပေါ်ထပ်ကို တက်လာလိုက်သည်။
အနားရောက်လေ အနံက ပိုပြီး ပြင်းလာလေမို့ သူ ရဲ့ အလ်ဖာ ရနံ့တို့ကို ထုတ်လွှတ် စေလိုက်သည်။
နောက်အိပ်ခန်း ထဲ၀င်လိုက်တော့ အိပ်ယာပေါ် ခွေခွေလေးဖြစ် နေတဲ့ လူလူ ကို တွေ့လိုက်ရသည်။ သူကောက်ပွေ့လိုက်ပြီး ပြောလိုက်သည်။

ဇာတ်လမ်းက မှန်ရဲ့လား?!Where stories live. Discover now