{၄}{Zawgyi}

184 14 0
                                    

ဘုန်းအလင်္ကာရှိန် နှုတ်ခမ်းထောင့်ကသွေးစတို့ကို သုတ်လိုက်ပြီး သူ့ရှေ့က လူကို ခပ်ထေ့ထေ့ကြည့်လိုက်သည်။

"မင်း ငါ့ကို သတ်လိုက်တော့ရော သူက အသက်ပြန်ရှင်လာမှာလား?"

"မင်းက ထင်ထားတာထက် စောက်ရမ်းသွေးအေးတာပဲ မင်း သန့်လေးကို လုံးဝနားမလည်ပါဘူး "

ဘုန်းအလင်္ကာရှိန် သေနတ်နဲ့ လူကို ကြည့်ကာနှုတ်ခမ်းတို့မဲ့လိုက်သည်။

"ဆိုစမ်းပါဦး မင်းက စောက်ရမ်းကို နားလည်နေတာပေါ့ ဟမ် ဒါဆို သူဒုက္ခရောက်နေတဲ့အချိန် မင်းဘယ်ရောက်နေခဲ့လဲ? "

"ဟက်! ငါ  အနဲဆုံးတော့ မင်းအသိစိတ်လေးဝင်မယ်ထင်ထားတာ မင်းက ထင်ထားတာထက်ကိုနုံချာတာပဲ! တကယ်ဆို မင်းရှိနေရဲ့သားနဲ့ သူက ဒုက္ခရောက်စရာအကြောင်းကိုမရှိဘူး တကယ် ငါမင်းကိုမယုံခဲ့သင့်ဘူး"

ထိုလူက သူ့ရဲ့ သေနတ်မောင်းခလုတ်ကို တင်းတင်းဆွဲကာ ရှေ့တိုးလာနေသည်မို့ ဘုန်းအလင်္ကာရှိန် ခြေလှမ်းတို့ကို အလိုလိုနောက်ဆုတ်နေမိသည်။

"မင်းက သန့်လေးကို မုန်းနေတာမလား? ဟက်! သန့်လေးလုပ်ခဲ့တာတွေအကုန်လုံး သန့်လေး ခံစားခဲ့ရတာတွေအကုန်လုံးက မင်းရဲ့ မတော်လိုက်ရတဲ့ လင်လေးကြောင့်ကွ! မင်းက သူ့ကို သိပ်သနားနေတာလေ မင်း က သန့်လေးကို လုံးဝဂရုမစိုက်ခဲ့ဘူး!မင်းတို့ က နောက်ဆုံးတော့အတ္တသမားတွေပဲ!!"

"မင်းတို့‌ ကြောင့် မင်းတို့ကြောင့်ပဲကွ သန့်လေးက ဟိုလူရှုပ်ကောင်နဲ့ ပတ်သက်မှုတွေရှိလာတယ် မင်းရဲ့ ညီမ ပြောဆို လုပ်ကြံ မှုတွေအောက်မှာ အလူးအလဲ ခံစားရတယ် အပေးအယူကြောင့်ဆိုပေမဲ့ သူ ရင်သွေးကို အထိခိုက်မခံခဲ့ဘူး ဒီ မှာ ဘုန်း အလင်္ကာရှိန် မင်း ဆိုတဲ့ကောင်က သန့်လေးနဲ့ လုံးဝမထိုက်တန်ဘူးကွ မင်းက..သေသင့်တဲ့ကောင်ကွ!"

ဘုန်းအလင်္ကာရှိန် သူ့ရှေ့က လူပြောနေတဲ့အကြောင်းအရာတွေကို နားမလည်ပါချေ။ဒီလူက ဘာတွေ သိထားလို့ သူ့ကို ဒီလိုစွတ်စွဲနေရတာလဲ?

"ဒိုင်း!!"

နောက်ဆုံးတော့ အသံနဲ့အတူ ဘုန်းအလင်္ကာရှိန် ရဲ့ခန္ဒာကိုယ် နောက်ကို လန်သွားပြီး တောင်ခါးပန်းရဲ့ အစွန်းကနေ အောက်ကို ပြုတ်ကြသွားသည်။

ဇာတ်လမ်းက မှန်ရဲ့လား?!Where stories live. Discover now