{၅}{Zawgyi}

276 16 1
                                    

ဖိုးဖိုး ဖြစ်သူရဲ့ မွေးနေ့မို့ စံရှိန်ဂေဟာက လူတိုင်း အလုပ်ရှုပ်နေကြသည်။လူလူ ကတော့ ဟိုကလေးခေါ်လာလို့သာ လိုက်ပါလာရပေမဲ့ ဘယ်သူက ဘယ်သူ ဆိုတာလဲ မသိသလို ဘာတွေမှန်းလဲ မသိတာကြောင့်စကားဝိုင်းမှာ ၀င်မပါဘဲ ငုတ်တုတ်လေးဖြစ်နေရှာသည်။နောက်ဆုံး ၀တ်စုံထွက်ဝယ်ဖို့ လာခေါ်မှသာ အသက်ရှူချောင်သွားရသည်။ suit အရောင်ဆင်တူ ၀တ်ချင်ပါသည် ဆိုတာကြောင့် အဖြူရောင် ဆင်တူ ၀ယ်ခဲ့ကြသည်။brandဖြစ်တာမို့ ဈေးကလည်းမသေးပေ။သုည၈လုံးလောက်ရှိမည်ထင်သည်။

"ဟေး ငါတို့ ဒါကြီး တကယ်ဝတ်ဖို့ လိုသလား?"

"လိုတာပေါ့!မောင့် ဖိုးဖိုးရဲ့ပွဲလေ ကိုကိုရောမောင်ရော တောက်ပနေမှဖြစ်မှာပေါ့!"

"ဪ...အင်းပါ"

"ဘာလဲ? မောင်က ဈေးများနေတယ် ထင်လို့လား?"

"အင်း..ဈေးကြီးလွန်းတယ်"

"ဈေးကြီးတယ်ထင်ရင် မောင့်ကို အတိုးနဲ့ အရစ်ကျ ဆပ်သွားလေ!"

"ဘာ!!?"

"ချစ်ဖို့ကောင်းတယ်"

ကား ထဲမ၀င်ခင် လူလူရဲ့ ပါးတစ်ဖက်ကို လိမ်ဆွဲသွားကာ ချီး ကျူးသွား သေးသည်။မသိရင် လူလူက သူ့ထက် အငယ်ကျလို့။ဒီဇာတ်ကောင်ရဲ့ ကာရိုက်တာက တဖြေးဖြေးနဲ့ OOCဖြစ်လာသလို ထင်ရသည်။တခါတလေ လူလူ နားမလည်တဲ့ စကားတွေလည်းပြောသေးသည်။
လူလူ ခေါင်းသာအသာရမ်း ရင်း သူ့ကို အိမ်ကိုပဲ ပြန်ပို့ပေးဖို့ ပြောလိုက်သည်။သူ ဟို ဂေဟာအိမ်မှာ တစ်စက္ကန့်လေးတောင် ထပ်မနေချင်ပါပေ။သူ့ကို အဖက်လုပ်တဲ့သူက တစ်ယောက်မှ မရှိပေ။ဟိုးနေ့လောက်က သူ့ကို အပြတ် ကောသွားတဲ့ နှစ်ယောက်က တော့ စကားတွေ ဖောင်ဖွဲ့ကာ ထို မိသားစုနဲ့ ပြောဆိုနေကြသည်။ သူ့ကို ပြောဆိုသွားတဲ့ ကောင်မလေးကဆို တချက်တချက် သူ့ဘက်ကို လှည့်ကြည့် ပြီး မျက်စပင့်ပြလိုက် ၊မျက်စောင်းထိုး လိုက်နဲ့ အလုပ်ကို ရှုပ်နေတာပဲ။လူလူ ဆီ က သူထင် ထားသလို တုန့်ပြန်မှုမရလို့ထင်သည်။စိတ်‌ပျက်လက်ပျက် ဖြစ်သွားလိုက်တာများ။သူနဲ့ အတူပါလာတဲ့ကောင်လေးကတော့ ထုံးစံအတိုင်း မျက်လွှာချ ခေါင်းငုံ့ရက်ပဲ။လူလူ ထိုကောင်လေး အကြောင်းကို ပိုသိချင်မိသည်။သူ့ညီမ ပြောစကား အရ အဲ့ကောင်လေးက အဓိကဇာတ်ဆောင်ရဲ့ ကောင်းချီးပေးမှု ကိုရတဲ့ လူသားဖြစ်နိုင်သည်။

ဇာတ်လမ်းက မှန်ရဲ့လား?!Where stories live. Discover now