{၃}{Unicode}

458 68 3
                                    

ညစာစားသောက်ပြီးတော့ ဟိုလူက တခါတခါ ဖုန်း ထွက်ပြောရတာတွေရှိပေမဲ့ စကားဝိုင်းလေးကတော့ ပျက်မသွားပေ။

"ကဲ ဒယ်ဒီစကားတွေဖောက်ဖွဲ့နေတာ ဘေဘီပိုင်လေးက တော့ အိပ်ပျော်သွားပြီ ဒီနေ့တော့ ဒယ်ဒီတို့နဲ့ပဲ အတူသိပ်လိုက်မယ် မင်းရဲ့ပါးပါးကလည်း သူ့မြေးကို လွမ်းနေတာနဲ့ အတော်ပဲ"

"ဟုတ်တယ် ဒီနေ့ညတော့ သားတို့နှစ်ယောက် အတူအိပ်လိုက်"

"ဗျာ?"

လူလူ ဆီက အသံထွက်လာတော့ သူ့ရှေ့က ချစ်လှစွာသော မိဘနှစ်ပါးက သူ့ကိုပြူးကြည့်လာသည်။

"သား မင်းတို့ အတူမအိပ်ဖူးလို့တော့ မပြောကြနဲ့"

"ကျွန်တော်တို့ခွဲအိပ်တာပါ"

ဘုန်းအလင်္ကာရှိန်က ပြန်ဖြေပေးရင်း ဆိုဖာပေါ်၀င်ထိုင်လိုက်သည်။

"အံ့ဩပါ့ကွာ အတူမအိပ်ဘဲ ငါ့သားဗိုက်ထဲက လေဥ ဥ သွားတာလား?"

"ဟို...ဒါ..ဒါက"

လူလူလည်း ဘယ်လိုရှင်းပြရမှန်းမသိပေ။ဒီဇာတ်ကောင်က စစ်သွေး အာရုဏ် ဆိုတဲ့ လူနဲ့က လဲ ရှုပ်ထားသေးသည်။ဒီကိုယ်၀န်ကရော ဘုန်းအလင်္ကာရှိန်နဲ့ ရတဲ့ ကိုယ်၀န် ဟုတ်မဟုတ်ကို သူအတပ်မပြောရဲဘူး။

"ကျွန်တော်တို့ နောက်ပိုင်း အတူပြန်အိပ်မှာပါ အခုက ကိုကိုပိုင်က နေသိပ်မကောင်းသေးတော့ ကျွန်တော်တို့ ခဏခွဲအိပ်ဖို့ ဆုံးဖြတ်လိုက်ကြတာပါ"

ကိုကိုပိုင်.?ဒါက သူ ဒီဇာတ်ကောင်ကို ခေါ်တာလား?အာ့ဆို ဒီကိုယ်က ဘုန်းအလင်္ကာရှိန်ထက်ကြီးတာပေါ့။ချီး..ငါက သူကပိုကြီးတယ်ထင်လို့ တလေးတစားပြောဆိုနေရတာ။

"ဟုတ်ပါတယ် ဒယ်ဒီ !"

"ကောင်းတယ် ကောင်းတယ် "

"ဒါ ဆို ပါးပါးတို့ အပေါ်တက်နှင့်ပြီနော်"

ပိုင်ပိုင်လေးကို ပွေ့ချီပြီး တစ်ယောက်နဲ့ တစ်ယောက် ကြင်ကြင်နာနာ ကြည့်ကာ သူ့ရှေ့က ထွက်သွားတဲ့ ထိုလူသားနှစ်ယောက်ကို လူလူ သဘောတကျကြည့်နေမိသည်။
အရင်က သူက ဂေးတစ်ယောက်တော့ မဟုတ်ပေမဲ့ ချစ်ခြင်း မေတ္တာကို သိပ် သတ်မှတ်ခဲ့ခြင်းမရှိတဲ့သူပါ။သူ့‌ရဲ့ မိဘ နှစ်ပါးဆိုတဲ့ လူသားနှစ်ယောက် ဆီမှာတော့ ချစ်ခြင်းမေတ္တာရပ်၀န်းတို့ ကို အရောက်တောက်လွင့်စွာ မြင်နေရသည်။တကယ်ကိုလှပပါပေ့။

ဇာတ်လမ်းက မှန်ရဲ့လား?!Where stories live. Discover now