လူလူ စိတ်အခြေအနေသိပ်မကောင်းပါချေ။ ဘုန်းအလင်္ကာရှိန်က ဒီ နေ့ည အိမ်ပြန်မအိပ်ဘူးဆိုတဲ့စာပို့လာတာရော၊ဒေးဗစ်စတိုင်းဆိုတဲ့လူက သူတို့ညစာစားနေတုန်း ထူးထူးဆန်းဆန်းတွေပြောသွားတာကြောင့် လူလူရဲ့ စိတ်တွေကယောက်ကယက်နဲ့ပါပဲ။
လူလူက ပင်လယ်စာဆိုသိပ်ကြိုက်တာမို့ ဒေးဗစ်စတိုင်းဆိုတဲ့လူက လူလူရဲ့အကြိုက်ကို သိတဲ့အလား ပင်လယ်စာဆိုင်ကို ခေါ်သွားခဲ့သည်။ပင်လယ်စာမာလာ၊ငါးကင်ချဉ်စပ် ၊ကျောက်ပုစွန်တုန်ယန်း၊ဟော့ပေါ့က အစစ်ပါသေးသည်မို့ လူလူ ဗိုက်ဆာဆာနဲ့ခေါင်းမဖော်တမ်းစားနေမိသည်။
"ဖြေးဖြေးစား ဘယ်သူမှ လုမစားဘူး"
"အဟွတ် အဟွတ်!"
သူပြောမှ လူလူ ထမင်းနင်ပြီးသီးသွားသည်။ဘေးကချထားတဲ့ရေသန့်ကိုမော့သောက်လိုက်ရင်း
"ခင်ဗျားက ကမ္ဘာကြီးရဲ့ သော့ချက်ဆိုတော့ ခင်ဗျား လူမဟုတ်ဘူးလား?"
"မင်းလဲလူမှမဟုတ်ဘဲ"
"ဟမ်?!"
"ဘာပဲဖြစ်ဖြစ် ရှေ့လျှောက် ဘာတွေဖြစ်မလဲ ဆိုတာ ငါကိုယ်တိုင်တောင်မသိဘူး မင်းတို့ အဆုံးသတ်ပေးမှ ငါလဲ အဆင်ပြေမှာ"
"ဟမ်?!"
"ကဲ ၀ပြီလား?!"
"အင်း"
"ဒါဆို ကိုယ်ပြန်လိုက်ပို့ပေးမယ်"
"ခင်ဗျားက ကားပါလို့လား?!"
"နိုး!"
"ဒါများ လိုက်ပို့မနေနဲ့ ကိုယ့်ဘာသာပဲ တက္ကစီ ငှားသွားတော့မယ် သိပ်လဲ မမှောင်သေးပါဘူး"
လူလူ တီလျှူးတို့နဲ့ပါးစပ်ကိုသုပ်ကာ ရှေ့ကလူ ပိုက်ဆံရှင်းမှာကိုထိုင်စောင့်နေလိုက်သည်။ဒါပေမယ့် ဒေးဗစ်စတိုင်းက ပိုက်ဆံမရှင်းဘဲ ရှေ့မှထထွက်သွားသည်မို့ လူလူနောက်ကပြေးလိုက်ကာ
"ခင်ဗျား bill မရှင်းဘူးလား?"
"ရှင်းစရာမှမ လိုတာ"
ပုခုံးတွန့်ကာ ဖြေနေတာကြောင့် လူလူ ကြောင်နေမိသည်။
"ခင်ဗျား ဟုတ်ကောဟုတ်ရဲ့လား?လောကကြီးထဲမှာ စားပြီး မပေးရတဲ့ဆိုင်က ရှိလို့လား?"
YOU ARE READING
ဇာတ်လမ်းက မှန်ရဲ့လား?!
Romance[Own creation][Zawgyi & Unicode] ဇာတ်လမ်းဇာတ်ကွက်တစ်ခုမှမသိဘဲ စာမျက်နှာ နှစ်ရွက်ပဲဖတ်ရသေးတဲ့ သူတစ်ယောက် ၀တ္ထုထဲ ကူးပြောင်းသွားခဲ့ကာ... တဖြည်းဖြည်း စတင်လွဲလာတဲ့ အလွဲတွေများလာတော့... လူလူ"ဇာတ်လမ်းက မှန်ရဲ့လား?!" _______ ဇာတ္လမ္းဇာတ္ကြက္တစ္ခုမွမသိဘဲ စာ...