Part-2🌻

2.1K 111 0
                                    

သစ်ရွက်ကလေးများ တဖြောက်ဖြောက်ကြွေသံနှင့်အတူ ညနေခင်း၏ လေပြေနုနုလေးများသည် မဖိတ်ခေါ်ပါဘဲ စာကြည့်စားပွဲတွင်ထိုင်နေသာ မိမိထံသို့လာရောက် ခစားနေကြလေသည်....စာသင်နှစ်စဆိုပင်မည့် ကျွန်တော့်လို တတိယနှစ်ကျောင်းသားအတွက် ထိုချိန်ကပင် စာအုပ်ပုံ ကြားခေါင်းနစ်နေရလေပြီ....ထိုချိန်...

"ဘုတ် ဘုတ်....ဘုတ်...."

"ဘုတ် ဘုတ်....ဘုတ်...."

"ဘုတ် ဘုတ်....ဘုတ်...."

နားအေးပါးအေးဖြင့် Project design ဆွဲနေသောမိမိထံ ထိုအသံသည် စိတ်ညစ်ဖွယ်အတိဖြင့် ၀င်ရောက်လာခဲ့လေသည်...ပုံမှန် ကြားနေကျအသံမဟုတ်သောကြောင့် ကျွန်တော့်အာရုံသည် ထိုအသံလာရာခြံဖက်သို့ ဉီးတည်လေခဲ့ပြီ...

ထို အသံကား အန်တီချင်းလီတို့ အိမ်ဘက်မှ အသံဖြစ်ပြီ....စကိတ်စီးနေသောကောင်လေးတစ်ယောက်ထံမြှဖစ်သည်....အကျီအစိမ်းကိုမှ အနက်ရောင်အမှုန့်လေးတွေ ပြန့်နေတဲ့ တီရှပ်လေးနှင့် ဒူးဖုံးဘောင်းဘီ မီးခိုးရောင်လေး ၀တ်ထားပြီး အညိုရောင်ဆံနွယ်လေးကို ကြက်တောင်စည်းလေးစည်းထားပုံက မြင်သူတိုင်းချစ်ဖွယ်အတိ....

အရင်ကအမြဲတိတ်ဆိတ်နေသာ အန်တီချင်းလီတို့ အိမ်လေးမှာ ယခုချိန် စကိတ်စီးသံ "တဘုတ် ဘုတ်" လေးကလွှမ်းခြုံနေခဲ့လေပြီ.....ထိုကောင်လေးသည် မည်သူဖြစ်သည်ကို မှန်းစရာမလိုအောင် ငယ်ရုပ်မပျောက်သေးသောကောင်းလေးတစ်ယောက်...

အထူးသဖြင့် ထိုကောင်လေးကိုချစ်စရာကောင်းအောင် ထောက်ပံ့ပေးနေသောပါးဖောင်းဖောင်းလေးနှစ်ဖက်....သူဟာပေါ်တိလေးမှ လွဲ၍မည်သူမျှ မဖြစ်နိုင်....ဟိုတနေ့က မားတို့နှင့် စကားလက်စုံကျနေသည့် အန်တီချင်းလီထံမှ သားရဲ့ပေါ်တိလေးက နောက်တစ်ပတ်ပေကျင်းပြန်လာတော့မှာ ဟူသော အသိပေးစကားလေးသည် ဘာရယ်မဟုတ် ရင်ထဲ၌ ပျော်ရွှင်မှုလှိုင်းလေးတစ်ခု ဖြတ်ပြေးသွားရလေသည်.....

နွေဉီးလေပြေတိုက်ခတ်နေသော ညနေခင်းအချိန်လေးဝယ် စကိတ်လေးကို ခုန်ပေါက်၍စီးနေသာ ကောင်လေးတစ်ယောက်ရယ်...ထိုကောင်လေးကို တစ်ဖက်ခြံအပေါ်ထပ်မှနေ၍ ငေးနေသော ကောင်လေးတစ်ယောက်ရယ်....ထိုကောင်လေးဘေးမှ စာကြည့်စားပွဲလေးပေါ်၌ ခေါင်မိုးကလွဲ၍ ဘာမှထပ်မဆွဲရသေးသည့် ဒီဇိုင်းစာရွက်ကလေး တစ်ရွက်ရယ်.....

Infinity...(Complete)Where stories live. Discover now