Part-20🌻

1K 58 0
                                    

"ရိပေါ်...ဘာတြွေဖစ်ကုန်ကြတာလည်းကွာ"

အိမ်ထဲသို့ မပြေးရုံတမယ် ဝင်လာသည့်
ဟောက်ရွှမ်း။ ကိုကိုနဲ့လမ်းခွဲလိုက်ပြီလို့ပြောတော့ ချက်ချင်းဘဲ အိမ်ကိုရောက်ချလာတယ်။

ဟောက်ရွှမ်းသိတယ်။ လမ်းခွဲလိုက်တယ် ဆိုတဲ့စကားကို ရိပေါ်နောက်ပြီး ဘယ်တော့မှပြောမှာမဟုတ်ဘူးဆိုတာ။ ဖုန်းထဲမှာလည်း ငိုသံကြီးနဲ့မို့ ဟောက်ရွှမ်း ဖုန်းချပြီး ရိပေါ်အိမ်ကိုချက်ချင်းလိုက်လာခဲ့လိုက်တယ်။

"ဟောက်ရွှမ်း..ကိုကိုက..ကိုကို ငါ့ကိုထားသွားပြီ...ဟီး"

ဟောက်ရွှမ်းကို ဖက်ပြီးအတင်းငိုနေတဲ့ ရိပေါ်ကြောင့် တစ်ကယ်အံ့သြမိတယ်။ ရိပေါ်ဒီလိုပုံစံမျိုး တစ်ခါမှမမြင်ဖူးခဲ့ဘူး။

"ရိပေါ်..ဘာဖြစ်တာလည်း..ငါ့ကိုသေချာပြောပြ..နော်...စိတ်အေးအေးထားစမ်းပါကွာ..."

"ကိုကိုက..ကိုကိုက...သူ့အချစ်ဉီးနဲ့ ပြန်တွဲနေပြီတဲ့...ပြီးတော့ ငါ့ကိုလည်း မချစ်ခဲ့ဘူးတဲ့...
နောက်ပြီး...နောက်ပြီး ငါ့ကိုအစားထိုးရုံသက်သက်ပဲတဲ့ကွာ"

ရိပေါ်စကားကြားပြီး ဟောက်ရွှမ်း ဆွံ့အသွားသည်။ ကျန့်ကောကတဲ့လား။ မဖြစ်နိုင်လိုက်တာ။

"မင်းယုံလား ရိပေါ်...ဟင်...ငါ့ကိုကြည့်ပြီးဖြေစမ်းပါ...မင်း ကျန့်ကောပြောတာ တစ်ကယ်ယုံတာလား...ဟမ်...ငါတို့ထက်စာရင် တူတူနေတဲ့မင်းက ပိုသိမှာပါ"

"ငါ..ငါ..ဘာဆက်လုပ်ရမှာလည်း...ငါ ကိုကို့ ကိုမစွန့်လွှတ်နိုင်ဘူး..ဒါပေမယ့် ကိုကိုက တစ်ကယ်ထားသွားပြီ ကွ"

"မင်းစိတ်အေးအေးထားစမ်းပါ..ငါစုံစမ်းပေးမယ်..ဒီကိစ္စက ဒီလောက်မရိုးရှင်းနိုင်ဘူး...ကျန့်ကော မင်းကို ဘယ်လောက်ချစ်လည်းဆိုတာ ဘေးကငါတို့တွေတောင်အသိဘဲ..."

"..........."

"နောက်ကွယ်မှာ အကြောင်းတစ်ခုခုတော့ ရှိနေ
မယ့်ပုံဘဲ...လက်ထပ်ဖို့ အားလုံးသေချာနေတဲ့ အချိန်မှ အခုလိုဖြစ်သွားတာ...ကျန့်ကောက သစ္စာဖောက်မယ့်သူမျိုးလို့ ငါမထင်ဘူး
ရိပေါ်..သူ့အချစ်ဉီးနဲ့ပြန်တွဲနေတယ် ဆိုတာလည်း ဘယ်လိုမှနည်းနဲ့မှမဖြစ်နိုင်ဘူး"

Infinity...(Complete)Where stories live. Discover now