Part-8🌻

970 56 0
                                    

နံနက်ခင်းရဲ့နေရောင်ခြည်ဟာ အရှိန်ပြင်းပြင်းဖြင့် မှန်တံခါးမှတစ်ဆင့် လိုက်ကာဖြူများကိုဖြတ်၍ အတင်းဝင်ရောက်ခဲ့လေပြီ...

ရင်ခွင်ထဲက ရှင်းသန့်ဖြူဖွေးနေသော မျက်နှာလေးပေါ် နေရောင်မကျစေရန် လက်ကလေးဖြင့် အသာကာပေးထားမိသည်...နိုးထလာသော နံနက်ခင်းမှာ ချစ်ရသူကို ရင်ခွင်ထဲထည့်ထားရသော ခံစားချက်က ဘာနဲ့မှအစားမထိုးနိုင်ခဲ့...

ရှောင်ကျန့်လည်း မိမိကိုစိုက်ကြည့်နေသလို ခံစားချက်နှင့်အတူ တင်းကြပ်စွာရစ်နှောင်ခံထားရသော ခံစားချက်ကြောင့် မျက်လုံးအသာလှန်ကြည့်လိုက်တော့...မိမိကိုစိုက်ကြည့်နေသည်မှာ မြိုချတော့မည့်အလား...ဒါကြောင့် ကိုယ်ပိုင်တဲ့ရင်ခွင်ထဲသာ ဝင်ပြီး ခေါင်းလေးဖွက်ထားမိသည်...

ရိပေါ်လည်း မြတ်နိုးရတဲ့သူရဲ့ နဖူးလေးကို ခပ်ဖွဖွနမ်းလိုက်ပြီး....

"ကိုကို..ထတော့လေ..ဒီနေ့မားတို့ဆီပြန်ရမှာမလား.."

"အင်း..(၅)မိနစ်.."

"ဟုတ်ပါပြီ...အာ့ဆို မောင်ရေသွားချိုးလိုက်ဉီးမယ်နော်..."

"အင်း..."

ရှောင်ကျန့် သံရှည်စွဲ၍သာပြောနေမိခဲ့သည်...

ရှောင်ကျန့်မထချင်သေးပေမယ့် ဖုန်းသံလေးက
ဝင်နေသဖြင့် မျက်လုံးများကိုသာ တွန်းကန်ဖွင့်လိုက်ရတော့သည်...

"ဟယ်လို..အမိန့်ရှိပါ.."

"............."

"ဟယ်လို...ဟယ်လို..."

"ကျန့်...
လီလီပြန်ရောက်ပြီ...."

တစ်ဖက်ကပြောလိုက်သော စကားလေးက တစ်ကယ့်တိုးတိုးလေးနှင့် တိုတိုလေးပါ...သို့ပေမယ့် ရှောင်ကျန့် ရင်ဘက်ထဲတွင်တော့ အတိုင်းအဆမရှိ ခုန်မင်သွားရလေပြီ...ပျော်ရွှင်မှု့နှင့်အတူ စိုးရိမ်စိတ်လေးကပ်ပါလာလေပြီ...
တိတ်ဆိတ်မှုများကို တစ်ဖက်ကအသံချိုချိုလေးက ဖြိုခွင်းခဲ့ပြန်သည်...

"ကျန့်ကို မနေ့ညကတည်းကဆက်သွယ်သေးတယ်..လီလီ မက်ဆေ့ခ်ျကို ကျန့် seen မပြလို့ လီလီအခု ဖုန်းခေါ်လိုက်တာ..."

Infinity...(Complete)Where stories live. Discover now