Part-18🌻

937 55 0
                                    

ဒီနေ့က အလုပ်ပိတ်ရက်လေးမို့ ကိုကို့နားကပ်ချင်နေပါသော်လည်း သကောင့်သားဟောက်ရွှမ်းက သူ့ရည်းစား စုန့်ကျိရန်ကိုပေးဖို့ နာရီလိုက်ရွေးပေးပါဆိုလို့ ပါသွားရပြန်တယ်။ အိမ်သန့်ရှင်းရေးလုပ်နေမယ် ဆိုတဲ့ချစ်ရသူလေးကတော့ စိတ်ကောက်နေပြီလားပင် မသိတော့။

သူ့စိတ်ကြိုက်လိုက်ရွေးပေးပြီးတော့ နေ့လည်စာကျွေးမယ်ဆိုပြီး ဟောက်ရွှမ်း၏ ဧည့်ခံမှု့ကြောင့်
ရိပေါ်အိမ်ပြန်ချိန်မှာ နေ့လည်(၂)နာရီပင်ရှိလေပြီ။ အပီအပြင်ချော့မယ်လို့ စိတ်ကူးထားပေမယ့် ကိုကိုကလည်း အိမ်မှာမရှိပေ။

လက်ရှိအခြေအနေအရ ရိပေါ်မှာမျောက်မီးခဲ ကိုင်ထားရသလိုပင်။ အိမ်မှာလည်း မရှိ၊ ဖုန်းဆက်လို့လည်း မရတာကြောင့် ကိုကို့ ကိုတော်တော်စိတ်ပူနေရပြီ။ အချိန်ကလည်း ည(၇)နာရီတောင် ထိုးနေပြီမလား။

တီးတောင်!

အခန်းဘဲလ်သံ​ကြောင့် ကိုကိုများလားဟု စိတ်ကထင်ပေမယ့် ကိုကိုသာဆိုရင် pwနဲ့ဝင်လာမှာပေါ့၊ ဒါကြောင့်ရိပေါ်လည်း စိတ်မပါစွာနဲ့ တံခါးသွားဖွင့်ပေးလိုက်တယ်။ တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့ မျက်နှာလေး...

"ကိုကို"

နွမ်းလျနေပုံရတဲ့ ကိုကို့ ကိုယ်လေးက ရိပေါ်ခေါ်သံအဆုံး ရင်ခွင်ထဲ တိုးဝင်လာခဲ့တယ်။ ရုတ်တရက် လူကကြောင်နေပေမယ့် အသားကျနေသော ခန္ဓာကိုယ်က နွေးထွေးစွာပြန်လည်ဖက်ထားပေးပြီးသား။

စိတ်အခြေအနေ ကောင်းပုံမရသော ကိုကို့ပုံစံ​ကြောင့် ရိပေါ်စိုးရိမ်နေပေမယ့် ဘာမှမမေးဘဲ ငြိမ်ငြိမ်လေး ဖက်ထားပေးလိုက်တယ်။ အချိန်အတော်ကြာသည်ထိ ရင်ခွင်ထဲမှာ ငြိမ်သက်နေသောကိုကိုက ဖြေးဖြေးချင်းရုန်းထွက်လာတာမို့ ရိပေါ်အလိုက်သင့်လေး နေပေးလိုက်တယ်။

ရိပေါ်ကိုသေချာကြည့်ပြီး သက်ပြင်းချကာ ဆိုဖာပေါ်သွားထိုင်နေသောကိုကိုက အခုဘာဖြစ်နေတာလည်း။ ရိပေါ်လည်း ကိုကိုဘေးသာအသာဝင်ထိုင်လိုက်တယ်။ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေသောကိုကို့ထံမှ...

"မောင်"

"ပြောလေ ကိုကို၊ မောင် နားထောင်နေတယ်"

Infinity...(Complete)Where stories live. Discover now