Part-16🌻⚠️⚠️warning

1.2K 56 0
                                    


{This part is warning⚠️⚠️}

"ရိပေါ်ကော ညနေ(၆)ကျရင် စီနီယာဖေးရှောင်ရဲ့ birthday partyရှိတယ်နော် မေ့နေမှာစိုးလို့.."

"အာ..ဟုတ်သားဘဲ..ကိုယ်မေ့နေတာ..ကျေးဇူးဘဲ လင်းမိန့်.."

"ဟုတ် ရပါတယ်..."

"အဲ့ဒါဆိုရင်လည်း ကိုယ်ပြန်တော့မယ်...လင်းမိန့်လည်း လာမှာမလား..ဟိုရောက်မှစုံကြတာပေါ့.."

"ဟုတ်ကဲ့.."

ထွက်သွားတဲ့ကျောပြင်ကိုကြည့်ပြီး ပိုင်လင်းမိန့် ချိုချိုသာသာ ပြုံးလိုက်သည်၊ မျက်ဝန်းများကတော့ ပိုင်ဆိုင်လိုစိတ်အပြည့်ဖြင့်သာ...

ရိပေါ်အိမ်ပြန်ရောက်တော့ ကိုကိုကအလုပ်ကနေတောင်ပြန်ရောက်နေပြီ။

"ကိုကို ဒီနေ့ပြန်လာတာ စောတယ်နော်.."

"ဟုတ်တယ်..နေသိပ်မကောင်းလို့.."

"နေမကောင်းဘူး ဟုတ်လာ.."

အပြောကနောက် လူက ကိုကိုထိုင်နေတဲ့ကုတင်ပေါ်ရောက်နေပြီ၊ ကိုယ်ငွေ့နွေးနွေးလေးရှိတာကြောင့် လှဲအိပ်စေပြီး စောင်ခြုံပေးထားလိုက်တယ်။

"အဲ့ဒါကြောင့် မောင်ပြောတာပေါ့..ညကြီး ရေချိုးတာကို ခေါင်းမလျှော်ပါနဲ့လို့..ကြည့်..ခုတော့ အအေးပတ်ပြီမလား...မောင့် စကားကိုနားမထောင်တာလေ.."

"ဟုတ်ပါပြီ နောက်ဆို မဖြစ်စေရပါဘူး..
နော်..ကျေနပ်ပါတော့.."

"မောင်က ကိုကို့ ကိုစိုးရိမ်လို့ပါ.."

"အင်းပါ ကိုကိုသိပါတယ်..အခုလည်းဆေးသောက်ပြီး အိပ်လိုက်ရင်ကောင်းသွားမှာ...ဒါနဲ့မောင်ကသွားစရာရှိလို့လာ..."

"ရှိတော့ရှိတယ်..ဒါပေမယ့်ကိုကိုကတစ်ယောက်တည်း ဖျားနေတာ..မောင်မသွားတော့ဘူး"

"ဘယ်သွားရမှာမို့လို့လည်.."

"မောင့် စီနီယာရဲ့ birthday partyပါ..."

"အဲ့ဒါဆိုလည်းသွားလိုက်ပါမောင်ရယ်...စီနီယာဆိုတော့ ရိုသေသမှု,နဲ့သွားရမှာပေါ့..ကိုကို့ ကိုစိတ်မပူနဲ့.."

"ဖြစ်ပါ့မလား ကိုကိုရဲ့.."

"ဖြစ်ပါတယ်..ကိုကိုလည်း ဆေးသောက်ပြီး အိပ်နေမှာမို့ စိတ်မပူနဲ့နော်...ဒါပေမယ့် အိမ်ပြန်တော့အရမ်းနောက်မကျစေနဲ့.."

Infinity...(Complete)Where stories live. Discover now