Part-19🌻

924 49 0
                                    

ဒီနေ့နဲ့ဆို(၃)ရက်ပြည့်ပြီ၊ ရှောင်ကျန့် အလုပ်ကိုအကြောင်းပြပြီး ပိုင်ရန်းလီနဲ့ ချုံချင်းကိုရောက်နေတာ။ ဆုံးဖြတ်ချက်ကချပြီးသွားပြီမို့ တွေဝေမနေဘဲ ဆုံးဖြတ်ထားတဲ့အတိုင်း လုပ်ဖို့သာကျန်တော့သည်။

ရိပေါ်က လှည့်စားဖို့လွယ်တဲ့သူမဟုတ်ဘူး၊ ဒါပေမယ့် ရှောင်ကျန့်နဲ့ပတ်သက်လာရင်တော့ ဆင်ခြင်နိုင်စွမ်း ကင်းမဲ့တဲ့သူတစ်ယောက်။ ဒါကြောင့်လည်း ရိပေါ်ယုံနိုင်လာက်အောင် ပိပိရိရိလုပ်နိုင်ဖို့ ရှောင်ကျန့် စဉ်းစားထားပြီးသား။

ရှောင်ကျန့်နဲ့ ပိုင်ဟုန်းရန်ရဲ့ ကြားက အဖြစ်အပျက်တွေ အားလုံးကို လီလီ့ကို ဖွင့်ပြောပြလိုက်တယ်။ ထပ်ပြီး အားနာစွာနဲ့ဘဲ သူနဲ့ဟန်ဆောင် ချစ်သူအဖြစ်ခဏနေပေးဖို့ကိုလည်း လီလီ့ကိုအကူအညီတောင်းခဲ့တယ်။

တစ်ခြားသူတွေထက်စာရင် လီလီကပိုစိတ်ချရတယ်မလား။ တစ်ချိန်ကလည်း ချစ်သူတွေလည်းဖြစ်ခဲ့ဖူးတာကြောင့် သူတို့ဆက်ဆံရေးက ထွေထွေထူးထူး ပြောင်းလည်းပြစရာမလို။ တစ်ချိန်က လီလီနဲ့သူရဲ့ ပတ်သတ်မှု့ကိုရိပေါ်သိထားတာမို့ လီလီနဲ့ပတ်သက်ရင် ရိပေါ်က sensitive ဖြစ်လွန်းတယ်။ဒါကြောင့်လည်း ရိပေါ်ကိုလှည့်စားနိုင်ဖို့ မျှော်လင့်ပါတယ်။

~~~~~~~~

ရိပေါ်ခြေထောက်က ဒီနေ့မှလမ်းကောင်းကောင်း
ပြန်လျှောက်နိုင်တာ။ ကိုကိုက အလုပ်ကိစ္စခရီးသွားခါနီး တစ်ယောက်တည်းတိုက်ခန်းမှာ စိတ်မချလို့ဆိုပြီး ကျွန်တော့်ကိုမားတို့အိမ်ပြန်ပို့ ထားသတဲ့လေ။ ချစ်ရသူက အဲ့လိုလေးလည်း စိတ်ပူတတ်သေးတာ။

ပြောသာပြောရတယ်။ ခရီးသွားနေတဲ့ နေကစပြီး အခုအချိန်အထိ အဆက်အသွယ်မရသေး။ ဖုန်းဆက်လည်းမကိုင်သိလို၊ စာပို့သော်လည်း seenတောင်မပြ။ နည်းနည်းတော့ ခံစားရခက်တယ်။ ဒါပေမယ့်လည်း ဘာမှမဖြစ်ပါဘူး။ ဒီကိုကိုက မကြာခင် သူ့အပိုင်ဖြစ်တော့မှာဘဲဟာ။

ဒီနေ့တော့ ရိပေါ်မနက်အစောကြီးကတည်းက အောက်ထပ်ကဧည့်ခန်းမှာ ဖင်တကြွကြွဖစ်နေရပြီ။ အကြောင်းမှာ ချစ်ရသူလေးက
'ဒီနေ့ပြန်လာပြီ...မားတို့အိမ်မှာစောင့်နေပေး'
ဆိုသည့် ခပ်တိုတို မက်ဆေ့ခ်ျလေးတစ်ကြောင်းကြောင့်ပင်။

Infinity...(Complete)Where stories live. Discover now