Part-12🌻

880 49 0
                                    

မိုးလင်းသည်နှင့် ရင်ခွင်ထဲမှ အနွေးဓာတ်လေး မရှိတော့သည့်အခါ ရိပေါ်မျက်လုံးက အော်တိုပွင့်ပြီးသား၊ ရေကျသံ သဲ့သဲ့ကြားတာကြောင့် ချစ်ရတဲ့အသက်ကလေး ရေချိုးခန်းဝင်နေသည်ဆိုတာ သိလိုက်ရတယ်။

မကြာပါဘူး အသက်ရှည်ဆေးလေးက bathrobe အဖြူလေးဝတ်ပြီး ထွက်လာပါပြီ၊ အပိုပြောတာမဟုတ်ဘူး ရိပေါ်ရဲ့ ကိုကိုက တစ်ကယ် အပြစ်ပြောစရာမရှိအောင်ကို ပြီးပြည့်စုံနေတဲ့လူသားလေး။

"မောင်...နိုးရင်လည်းမျက်နှာသစ်တော့...ကိုကိုမနက်စာပြင်ထားပေးတယ်..."

"ဟုတ်ကဲ့ပါဗျ..."

ရေချိုးပြီးခါစ,ကိုယ်လေးကို တင်းနေအောင်ဖက်ပြီး morning kissကို တဝကြီးပေးပစ်လိုက်တယ်၊ ပြန်ရလိုက်သော မျက်စောင်းလေးတစ်ချက်က တစ်နေ့တာအဖို့ ရိပေါ်အတွက် အားဆေးလေး။

ရေချိုးခန်းက ပြန်ထွက်လာတော့ ကုတင်ပေါ်မှာ တစ်ဘက်တစ်ထည်နှင့် ထိုင်စောင့်နေသောကိုကို၊ ရှပ်အဖြူကိုမှ စတိုင်ပန် အနက်ကလေး
နှင့် တွဲဝတ်ထားသည့်ကိုကိုက ရိပေါ်၏ နှလုံးသားလေးကို ထပ်ခြွေနေပြန်ပြီ။

"မတ်တပ်ကြီးမေ့နေတာလာ...လာ ဒီကို...ခေါင်းသုတ်မယ်..."

"ဟုတ်ကဲ့ပါဗျ...ဒါနဲ့ ကိုကိုကအပြင်သွားမလို့လား ဒီနေ့ပိတ်ရက်ကြီးကို..."

"ဟုတ်တယ်..ကိုကိုချိန်ထားတာရှိလို့သွားရမှာ...နေလည်စာစားဖို့မစောင့်နဲ့ ညနေလောက်မှ အလုပ်ကပြီးမယ်ထင်တယ်..."

"ဟွန့်! မောင်က ဒီနေ့မားတို့ဆီသွားမလို့ပါဆိုနေ.."

"သွားလေမောင်ရဲ့...ဒီနေ့မားတို့လည်း အလုပ်နားတာဘဲဟာ..."

"အဲ့ဒါကြောင့် ကိုကိုနဲ့လက်ထပ်မဲ့ကိစ္စသွားပြောမလို့ပါဆို...အခုတော့ကြည့် ကိုကိုကအလုပ်နားတဲ့ရက်တောင် မောင့်ကိုအချိန်မပေးဘူး.."

ဆူပုတ်နေပြီး ရှေ့ထွက်နေသော ဘဲနှုတ်ခမ်းလေးအား ရှောင့်ကျန့်မနေနိုင်စွာဖြင့် အနမ်းများစွန့်ကျဲမိသည်၊ ငြိမ်နေပြီး ခဏကြာမှ အနမ်းများတုန့်
ပြန့်သည့် ကောင်လေးက အခုမှအသိဝင်သည်ထင်၊ တော်တော်နှင့်မတင်းတိမ်နိုင်သောကောင်လေးကြောင့် သူ့ဘက်ကပင်စလို့ အနမ်းများရပ်တန့်ရတော့သည်။ဒါကိုမကျေနပ်သေးသည့် ကောင်လေးကတော့...

Infinity...(Complete)Where stories live. Discover now