Part-22🌻

1.1K 67 0
                                    

ရိပေါ်သူခတ်လိုက်တဲ့ အိပ်ဆေးကြောင့် ကုတင်ပေါ်မှာအိပ်ပျော်နေတဲ့ ကိုကို့ကို ကြည့်ပြီး ရင်ဘက်ထဲ တင်းကျပ်လာရသည်။ တစ်ကယ်ဆို ကိုကို့ကို မောင်နားလည်ပေးချင်လို့ ရှင်းပြဖို့အခွင့်အရေးပေးခဲ့တယ်နော်။

ဒါပေမယ့်လည်း ကိုကိုက မောင့်ကိုထားရစ်ခဲ့ဖို့ဘဲ ထပ်ရွေးနေတာမို့ မောင်ကိုကို့ကို အပိုင်သိမ်းလိုက်တာ မောင်မလွန်ဘူးမလား ဟင်။ အခုဆို မောင်တို့အကြောင်းကို အားလုံးသိအောင်လည်း မောင်ကြေငြာပြီးသွားပြီ။

တစ်ခြားသူတော့မသိဘူး...မားကတော့ သိပ်ပျော်နေတယ် ကိုကို။ မောင် စောင့်မှာပါ...။ မောင့်အသဲကို ရက်ရက်စက်စက်ခွဲခဲ့တဲ့ အကြောင်းအရင်းကိုပြောလာမဲ့အချိန်အထိ။

ဒီအတောအတွင်းတော့ မောင့်ကိုနားလည်ပေးပါဉီး။ ကိုကို့ကြောင့် မောင်ခံစားခဲ့ရတာတွေ သိပ်များခဲ့ရတာမို့...။

~~~~~~

ရှောင်ကျန့် ထိုးကိုက်လာခဲ့ခေါင်းကို အသာဖိပြီးမျက်လုံးများဖွင့်ကြည့်လိုက်သည်။ ဘေးမှန်ပြတင်းမှ အလင်းရောင်ကား ညနေစောင်းနေပြီ ဟုဖော်ပြနေသယောင်။ ဉီးနှောက်ကိုအမြန်အလုပ်ပေးပြီး ပြန်တွေးလိုက်တော့...။ သူအိပ်ပျော်သွားတာလား။ ရိပေါ် အိမ်မှာလေ...။

မျက်လုံးမှ အခန်းကိုဝေ့ဝဲကြည့်ပြီး တစ်နေရာမှာရပ်သွားခဲ့သည်။ ခေါင်းရင်းနံရံမှာ ချိတ်ထားတဲ့ မှန်ဘောင်လေးတစ်ခု၌...။

ဒါက ရိပေါ်နဲ့သူ့ပုံ..။ အတိအကျပြောရရင် ကျန်းလီကျဲ ဆိုင်မှာ သူတို့မင်္ဂလာဝတ်စုံသွားရွေးတုန်းက ကျဲရိုက်ပေးခဲ့တဲ့ပုံလေး။ ဒါ..ဒါဆို...

"နိုးပြီးလား

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"နိုးပြီးလား..."

သံပုရာရည်ခွက်လေးကိုင်ပြီး ဝင်လာတဲ့ရိပေါ်ကြောင့် ရှောင်ကျန့်အတွေးများရပ်တန့်လိုက်ရသည်။

Infinity...(Complete)Where stories live. Discover now